မီးခိုးများ ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့ပေါ်တွင် ခရိုင်မီးသတ် နှင့် သစ်တောတို့မှ ရေမှုန်ရေမွှား ပက်ဖြန်း

မီးခိုးများ ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့ပေါ်တွင် ခရိုင်မီးသတ် နှင့် သစ်တောတို့မှ ရေမှုန်ရေမွှား ပက်ဖြန်း
မတ် 13, 2020
By Tachileik News Agency
မီးခိုးများ ဖုံးလွှမ်းနေသည့် တာချီလိတ်မြို့ပေါ်တွင် ခရိုင်မီးသတ် နှင့် သစ်တောတို့မှ ရေမှုန်ရေမွှား ပက်ဖြန်း

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မီးခိုးမြူများ ဖုံးလွှမ်းနေသဖြင့် လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖြန်းပြီး မီးခိုးမြူလျှော့ချရေးကို တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့ နှင့် သစ်တောဉီးစီးဌာနက ဒုတိယမြောက်နေ့အဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ဆောင်ရွက်သည်။

ဒေသတွင်းမှ တောမီး၊ တောင်ယာမီးများကြောင့် တာချီလိတ်မြို့တွင် မတ်လ (၁၁)ရက်နေ့မှစ၍ မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းလာရာ မတ်လ (၁၃)ရက်နေ့ တာချီလိတ်မြို့၏ လေထုအရည်အသွေးမှာ ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှုအနည်းငယ်များနေကြောင်း တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ လေထုအရည်အသွေး တိုင်းတာထုတ်ပြန်ချက်အရ သိရသည်။

မီးခိုးမြူဖုံးလွှမ်းနေသဖြင့် မျက်လုံးစပ်ခြင်း၊ လည်ချောင်းယားယံခြင်း၊ အသက်ရှုကြပ်ခြင်းများ ခံစားနေရသဖြင့် လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းပေးခြင်းကို တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုဦးစီးသည့် မီးသတ်တပ်ဖွဲ့များက မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သစ်တောဌာနမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မတ်လ (၁၂)ရက်နေ့တွင် စတင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

မြို့တွင်း မီးခိုးမြူလျော့ပါးရေး လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းရေး ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စက်သုံးဆီကို တာချီလိတ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းက ပံ့ပိုးပေးပြီး ရေကို ရှမ်းအရှေ့ရေပေးဝေရေးလုပ်ငန်းက ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင်  မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ကလည်း ရေပက်ဖြန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာန၊ အောင်ကျော်ဝင်းစိန်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~