တာချီလိတ်မြို့တွင် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ညအချိန်မတော်အထိ ဖွင့်လှစ်ခွင့်ရထားသည့် ကာစီနိုများ၊ KTV၊ Club၊ Bar နှင့် လောင်းကစားဂိမ်းခုံများသို့ သွားလာခြင်း မပြုလုပ်ရန် TCK KKK SHN အဖွဲ့ အသိပေး

ဇွန် 7, 2021 | ရှမ်းရှေ့

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း တာချီလိတ်မြို့တွင် ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ညအချိန်မတော်အထိ ဖွင့်လှစ်ခွင့်ရရှိထားသည့် ကာစီနိုများ၊ KTV၊ Club၊ Bar နှင့် လောင်းကစားဂိမ်းခုံများသို့ သွားလာခြင်း နှင့် ပျော်ပါးခြင်း မပြုလုပ်ရန် TCK KKK SHN အဖွဲ့က သတိပေးစာကို ဇွန်လ(၇)ရက်နေ့တွင် ထုတ်ပြီး အသိပေးထားရှိသည်။

ကြိုတင်သိပေးစာထုတ်ပြန်ထားသည့်ကြားက သွားလာမှုများ ပြုလုပ်ပါက အသက်အန္တရာယ်အတွက် တာဝန်ယူမည် မဟုတ်ကြောင်း နှင့် စစ်အာဏာရှင်နှင့်လက်ပါးစေ ဒလန်များကိုလည်း သိရှိတွေ့ရှိပါက သုတ်သင်ရှင်းလင်သွားမည်ကြောင်းလည်း အသိပေးစာတွင် ထည့်သွင်း အသိပေးထားရှိသည်။

တာချီလိတ်မြို့ ကြီးမြတ်သောရွှေမြင်းကလပ် ဝင်ပေါက်တွင် ဗုံး(၂)လုံး ပေါက်ကွဲ

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် မြို့တွင်းအနှံ့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားမှုများရှိခဲ့သလို  ကြီးမြတ်သောရွှေမြင်း(King Horse Fly Pub 6888) Club တွင်လည်း  မေလ(၂၅)ရက်နေ့နှင့် ဇွန်လ(၆)ရက်နေ့တို့က စုစုပေါင်း ဗုံး (၃)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။