ကျောက်မဲမြို့တွင် တပ်မတော်က တပ်တွင်း စိုက်ပျိုးမွေးမြူထုတ်လုပ်သည့် သားငါးသီးနှံများအား တစ်လလျှင် နှစ်ကြိမ် တန်ဖိုးသင့်ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချ

ကျောက်မဲမြို့တွင် တပ်မတော်က တပ်တွင်း စိုက်ပျိုးမွေးမြူထုတ်လုပ်သည့် သားငါးသီးနှံများအား တစ်လလျှင် နှစ်ကြိမ် တန်ဖိုးသင့်ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချ
ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် တပ်မတော်က တပ်တွင်း စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည့် သားငါးသီးနှံများအား တစ်လလျှင် နှစ်ကြိမ် တန်ဖိုးသင့်ဈေးနှုန်းဖြင့် လှည့်လည်ရောင်းချ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က တပ်တွင်း စိုက်ပျိုးမွေးမြူထုတ်လုပ်သည့် သားငါးသီးနှံများအား တစ်လလျှင် နှစ်ကြိမ် မြို့တွင်း၌ တန်ဖိုးသင့် ဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

တပ်တွင်းမှာ မွေးမြူထားတဲ့ အသား၊ ငါးတွေ၊ သီးနှံတွေကို နှစ်ပတ်မှာ တစ်ကြိမ်နှုန်းနဲ့ မြို့ထဲက လူစည်ကားရာ နေရာတွေဖြစ်တဲ့ ကျောင်းတွေ၊ ဈေးတွေ၊ အမှုထမ်းဟောင်းအိမ်ရာတွေအနီးမှာ ရောင်းချပေးတာ ဖြစ်ပါတယ်။ ၂၀၁၅-၂၀၁၆ ခုနှစ်လောက်ကနေစပြီး ခုလိုရောင်းချပေးနေတာပါ

ဟု ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းက ကျောက်မဲ အထကရှေ့တွင် တန်ဖိုးသင့် သားငါးသီးနှံများ လာရောက်ရောင်းချသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လာရောက်ရောင်းချပေးသည့် သားငါးသီးနှံများမှာ ပြင်ပဈေးထက် ဈေးသက်သာသဖြင့် ဝယ်ယူသူများပြားကြောင်း သိရသည်။

အခုလို ကျောင်းရှေ့ထိ တန်ဖိုးသင့် စားသောက်ကုန်တွေ လာရောင်းပေးတဲ့အတွက် ကျေးဇူး တင်ရပါတယ်။ ကျွန်မတို့က ဝန်ထမ်းတွေဖြစ်တော့ ကျောင်းဖွင့်ရက်တွေမှာ ဈေးထဲထိသွားပြီး ဈေးဝယ်ဖို့ အချိန်သိပ်မရတဲ့အတွက် အခုလို ဈေးသက်သက်သာသာနဲ့ အချိန်မကုန်ဘဲ အလွယ်တကူ ဝယ်လို့ရတာ ကျေးဇူးတင်ရပါတယ်

ဟု ကျောင်းဆရာမတစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင်း အခြေခံပညာစာသင်ကျောင်းများနှင့် လူစည်ကားရာနေရာများ၌ စကခ ( ၁ ) မှ ထွက်ရှိသော စားသောက်ကုန်များကို နှစ်ပတ်လျှင် တစ်ကြိမ် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~