မူဆယ်မြို့တွင် ရေပြွန်အတွင်း ဝှက်ထားသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဇန်နဝါရီ 21, 2020
By Tachileik News Agency

မူဆယ်မြို့တွင် ရေပြွန်အတွင်း ဝှက်ထားသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရေပြွန်ခေါင်းအတွင်း ဝှက်ထားသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့ နံနက် (၁၁)နာရီခွဲ ဝန်းကျင်က ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ တော်ရွက်လှေဆိပ်သွားရာလမ်း၏ အောက်ရှိ ရေပြွန်ခေါင်းအတွင်း အစိမ်းရောင် ဆာလာအိတ်ဖြင့် ထုပ်ထားသော ပါရိအမျိုးအစား သေနတ် (၁၀) လက်၊ ကျည်အိမ် (၉) ခု၊ လွယ်ကြိုး(၉)ချောင်းနှင့် အမ် ၂၂ သေနတ် (၁) လက်တို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - တပ်မတော်သတင်းစဉ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~