အာရပ်စော်ဘွားများနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့

အာရပ်စော်ဘွားများနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့
ဇူလိုင် 18, 2020
By Tachileik News Agency

အာရပ်စော်ဘွားများနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့

အာရပ်စော်ဘွားများနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့အထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၃၄၀) ဦးရှိလာပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ (၂၆၁)ဦး ရှိနေပြီဖြစ်သည်။

ယနေ့ အတည်ပြုလူနာအဖြစ် ဓာတ်ခွဲအဖြေရရှိသည့် အသက် (၄၃) နှစ်အရွယ် အမျိုးသမီးမှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၌ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၁၈) ရက်နေ့တွင် ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၀၇၇)ခု အား စစ်ဆေးရာ အတည်ပြုလူနာ (၁) ဦးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~