တာချီလိတ်တွင် ဒေသန္တရအမိန့်ဖေါက်ဖျက်ပြီး သင်္ကြန်ပါတီကျင်းပသူ (၉)ဦးကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အရေးယူ

တာချီလိတ်တွင် ဒေသန္တရအမိန့်ဖေါက်ဖျက်ပြီး သင်္ကြန်ပါတီကျင်းပသူ (၉)ဦးကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အရေးယူ
ဧပြီ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် ဒေသန္တရအမိန့်ဖေါက်ဖျက်ပြီး သင်္ကြန်ပါတီကျင်းပသူ (၉)ဦးကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အရေးယူ

မြန်မာ - ထိုင်းနယ်စပ်မြို့၊ တာချီလိတ်တွင် COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရန် အမိန့်ထုတ်ထားသည့် ကာလအတွင်း သင်္ကြန်ပါတီကျင်းပသူ (၉)ဦးကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေပုဒ်မဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အရေးယူထားသည်။

ကျွန်တော်တို့ ပုဒ်မ (၂)ခုနဲ့ အရေးယူထားပါတယ်။ ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မပါ 

ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး  ညီညီဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၁၃)ရက်နေ့တွင် ပြောသည်။

ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Mr. CRUSH Bar တွင် ကျင်းပသည့် သင်္ကြန်ပါတီပွဲကျင်းပကြသည့် နန်းစံမွန်း၊ နန်းခမ်းပန်၊ စိုင်းဆမ်တစ်၊ ဆန်းလွင်ဌေး (ခ) ရဲရင့်၊ အားဆွယ်၊ အားတီ၊ ခမ်းအောင်၊ အားဟုန်နှင့် ရတနာဦးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် ဒေသန္တရအမိန့်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅/၃၀(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၃)နှစ်ထက်မပိုသော ပြစ်ဒဏ်နှင့် ၃၀(က)အရ ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ဒေသန္တရအမိန့်ကို ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသူများကို ဖမ်းဆီးအရေးယူရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန  နှင့်သက်ဆိုင်ရာ ရပ်ကျေးအဖွဲ့များ ပါဝင်သည့် တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကူးစက်မြန်ရောဂါ COVID 19 ကာကွယ်ရေးအတွက်  လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ ကျင်းပခြင်း မပြုရန်၊ သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းများ ဧပြီလ (၃၀)ရက်နေ့အထိ ကျင်းပမခြင်းမပြုရန် နိုင်ငံတော်သမ္မတရုံးက မတ်လ (၁၃)ရက်နေ့ကတည်းက ထုတ်ပြန်ထားသည့်အပြင် တာချီလိတ်မြို့တွင်လည်း လူစုလူဝေးပြုလုပ်ခြင်းအပြင် KTV၊ Bar ၊ Club များပိတ်ထားရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီးဖြစ်သည်။

အဆိုပါ အရေးယူမှုမှာ COVID 19 ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည် ဒေသန္တရအမိန့်ဖေါက်ဖျက်မှုဖြင့် ပထမဆုံး အရေးယူခံရမှုဖြစ်ပြီး  ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည်များကို လိုက်နာမှုမရှိပါက ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

ဆက်စပ်သတင်း

တာချီလိတ်တွင် ဒေသန္တရအမိန့်ဖေါက်ဖျက်ပြီး သင်္ကြန်ပါတီကျင်းပသူများကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သော ဉပဒေဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~