မယ်ဆိုင် - တာချီလိတ် လမ်းကြောင်းမှ မြန်မာနိုင်ငံသား (၁၄၃)ဦး နေရပ်ပြန်

မယ်ဆိုင် - တာချီလိတ် လမ်းကြောင်းမှ မြန်မာနိုင်ငံသား (၁၄၃)ဦး နေရပ်ပြန်
စက်တင်ဘာ 2, 2020
By Tachileik News Agency
မယ်ဆိုင် - တာချီလိတ် လမ်းကြောင်းမှ  မြန်မာနိုင်ငံသား (၁၄၃)ဦး နေရပ်ပြန်
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊  စက်တင်ဘာလ (၂)ရက်နေ့၌ ပြန်ဝင်လာသည့် မြန်မာနိုင်ငံသား (၁၄၃) ဦးကို နေရပ်ဒေသအသီးသီးတွင် Quarantine ထားရှိရန် ပြန်ပို့ထားပြီး တာချီလိတ်မြို့နယ်မှ (၁၇)ဦးကို မိုးကုတ်ဝိပဿနာ Quarantine Center ၌ ပို့ဆောင်ထားသည်။
ယနေ့ပြန်ဝင်လာသည့် ထိုင်းနိုင်ငံမှ ပြန်တော်ပြန်  မြန်မာရွှေ့ပြောင်းလုပ်သားများတွ င် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၃၉) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ (၄၁) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၁၃) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၅) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၉) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၁) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃) ဦး၊ နေပြည်တော်မှ (၅) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂၄) ဦး၊ စုစုပေါင်း (၁၄၃) ဦး ပါဝင်ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူ (၁၄၃) ဦးအနက် တာချီလိတ်မြို့နယ်အတွင်းမှ (၁၇) ဦးကို မိုးကုတ်ဝိပဿနာရိပ်သာတွင် Quarantine ထားရှိပြီး ကျန်ရှိသူများကို သက်ဆိုင်ရာနေရပ်အသီးသီးသို့ မော်တော်ယာဉ် (၈) စီးဖြင့် လိုက်ပါပို့ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~