တာချီလိတ်မြို့တွင် လူငယ်တစ်ဦး ထပ်မံ ကြိုးဆွဲချ သေဆုံး

တာချီလိတ်မြို့တွင် လူငယ်တစ်ဦး ထပ်မံ ကြိုးဆွဲချ သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် (၃)ရက်အတွင်း ကြိုးဆွဲချသေဆုံးမှု (၂)ဦးမြောက်အဖြစ် ယနေ့ နိုဝင်ဘာလ(၁)ရက်နေ့တွင်  ဦးအားဖါ ကွင်းအတွင်း အုတ်တံတိုင်းတခုပေါ်တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးနေကြောင်းကို ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ နံနက်(၆)နာရီခွဲဝန်းကျင်က တွေ့ရှိရ၍ တာချီလိတ်နာရေးကူညီမှုအသင်းက ရုပ်အလောင်းအား သယ်ဆောင်ကာ တာချီလိတ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၂၀)ဝန်းကျင်အရွယ်ရှိ အမည်မသိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် မြို့တွင်းပတ်သွားနေသည့် မူးယစ်ဆေးသုံးစွဲသူ ဖြစ်သည်ဟု ဒေသခံများက ပြောကြားထားသော်လည်း Tachileik News Agency မှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ(၃၀)ရက်နေ့ကလည်း ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရွှေတိဂုံဘုရားအဆင်း နေအိမ်တိုင်းခန်းတွင်လည်း အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ 

Photo: တာချီလိတ်နာရေးကူညီမှုအသင်း