ရွမ္းေတာင္ ႏွင့္ ရွမ္းေရွ႕ ဆက္သြယ္ထားသည့္ သံလြင္တံတား(တာဆန္း)တြင္ ေျမသားထိန္းသိမ္းႏုိင္ရန္ သစ္ပင္စိုက္ပ်ဳိးသြားမည္

ရွမ္းေတာင္ ႏွင့္ ရွမ္းေရွ႕ ဆက္သြယ္ထားသည့္ သံလြင္တံတား(တာဆန္း)တြင္ ေျမသားထိန္းသိမ္းႏုိင္ရန္ သစ္ပင္စိုက္ပ်ဳိးသြားမည္
မေ 20, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းတုိ႔ကို ဆက္သြယ္ထားသည့္ သံလြင္တံတား(တာဆန္း) တံတားသစ္ႏွင့္ မုိင္းတံုၿမိဳ႕ၾကားရိွ တာခ်ီလိတ္ - ရန္ကုန္ကုန္သြယ္ေရးလမ္းပိုင္းတြင္ ေျမသားထိန္းသိမ္းႏို္င္ရန္ သစ္ပင္စိုက္ပ်ိဳးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္း ေဘးဝဲယာတြင္ သစ္ပင္စိုက္ပ်ိဳးႏုိင္ေရးအတြက္ ရွမ္းျပည္နယ္ သယံဇာတနဲ႔ သဘာ၀ ပတ္၀န္းက်င္ထိန္းသိမ္းေရး၀န္ႀကီး ေဒါက္တာညီညီေအာင္၏ မုိင္းတံုၿမိဳ႕ခရီးစဥ္တြင္ ညိႇႏိႈင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

“ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ပႏၷက္႐ိုက္ေပးခဲ့တဲ့ တာဆန္းတံတား နဲ႔ မိုင္းတံုၿမိဳ႕ ၾကား ( တာခ်ီလိတ္-ရန္ကုန္ ကုန္သြယ္ေရးလမ္းေၾကာင္းရဲ႕ အစိတ္အပိုင္း) လမ္းပိုင္းက ကတၱရာ မခင္းရေသးတဲ့ေနရာေတြကို ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက အားသြန္ခြန္စိုက္ လမ္းခင္းေပးေနရာမွာ ဘ႑ာေငြ ကန္႔သတ္ခ်က္ေၾကာင့္ ေျမထိန္းနံရံလုပ္ဖို႔ လိုအပ္ခ်က္ျဖစ္သြားလို႔ ဒီႏွစ္ မိုးဦးက် မိုင္းတံုၿမိဳ႕နယ္ သစ္ပင္စိုက္ပ်ိဳးေရးပြဲေလးေတြကို လမ္းဦးစီးဌာနအတြက္ ဝိုင္းလုပ္ေပးၾကဖို႔ အားလံုး ေဆြးေႏြး သေဘာတူခဲ့ၾကပါတယ္။ လူထုကို ဌာနဆိုင္ရာေတြက ရွင္းျပစည္းရံုးၿပီး လူထုလႈပ္ရွားမႈအသြင္နဲ႔ စိုက္ၾကမွာပါ။ လမ္းနဲ႔ေဝးတဲ့ ရြာေတြမွာလည္း ဌာနအလိုက္ ေက်းရြာေတြကို ခြဲေဝ တာဝန္ယူမႈနဲ႔ လူထုကို စည္းရံုးဦးေဆာင္ၿပီး ပညာေပးရင္း စိုက္ပ်ိဳးဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္”ဟု သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း သံလြင္ျမစ္ကူးတံတားသစ္အျဖစ္ သံလြင္တံတား(တာဆန္း) (၂)အျပင္ သံလြင္ျမစ္ကိုု ျဖတ္သန္းတည္ေဆာက္ထားသည့္ တံတား (၅)စင္းမွ သက္တမ္း (၅၀)ရိွေနသည့္ ကြမ္လံုတံတားႏွင့္ သက္တမ္း (၄၅)ႏွစ္ ရိွေနသည့္ တာေကာ္တံတား တုိ႔ကိုလည္း အသစ္ျပန္လည္ျပဳျပင္တည္ေဆာက္ရန္ရိွေနေၾကာင္းသိရသည္။

လက္ရိွတည္ေဆာက္ေနသည့္ တာဆန္းတံတား(၂) ပႏၷက္တင္အခမ္းအနားကို  ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၆)ရက္ေန႔က ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ မုိင္းတံုၿမိဳ႕နယ္ခရီးစဥ္အတြင္း က်င္းပခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းတုိ႔ကိုဆက္သြယ္ထားသည့္ သံလြင္တံတား(တာဆန္း) တံတားသစ္သည္ (၂၆၁.၇၂၃) မီတာရွည္လ်ားၿပီး ပင္မတံတားမီတာ (၂၀၀)၊ တံတားအက်ယ္ (၁၀. ၅)မီတာ၊ ကားလမ္း (၈. ၅)မီတာ၊ လူသြားလမ္း တစ္ဖက္လ်ွင္(၁)မီတာ၊ ေရလမ္းကင္းလြတ္အက်ယ္(၂၀၀)မီတာ၊ အျမင့္(၈)မီတာရိွမည္ျဖစ္ေၾကာင္း သိရသည္။

တံတားခံႏိုင္ဝန္မွာ ယာဥ္တစ္စီးခ်င္း ခြင့္ျပဳတန္(၇၅)တန္ရိွမည္ျဖစ္ကာ က်ပ္သန္းေပါင္း (၁၃၀၀၀) ကုန္က်မည္ဟု ခန္႔မွန္းထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို ဆက်သွယ်ထားသည့် သံလွင်တံတား(တာဆန်း) တံတားသစ်နှင့် မိုင်းတုံမြို့ကြားရှိ တာချီလိတ် - ရန်ကုန်ကုန်သွယ်ရေးလမ်းပိုင်းတွင် မြေသားထိန်းသိမ်းနို်င်ရန် သစ်ပင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း ဘေးဝဲယာတွင် သစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ရှမ်းပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၏ မိုင်းတုံမြို့ခရီးစဉ်တွင် ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ပန္နက်ရိုက်ပေးခဲ့တဲ့ တာဆန်းတံတား နဲ့ မိုင်းတုံမြို့ ကြား ( တာချီလိတ်-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းရဲ့ အစိတ်အပိုင်း) လမ်းပိုင်းက ကတ္တရာ မခင်းရသေးတဲ့နေရာတွေကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက အားသွန်ခွန်စိုက် လမ်းခင်းပေးနေရာမှာ ဘဏ္ဍာငွေ ကန့်သတ်ချက်ကြောင့် မြေထိန်းနံရံလုပ်ဖို့ လိုအပ်ချက်ဖြစ်သွားလို့ ဒီနှစ် မိုးဦးကျ မိုင်းတုံမြို့နယ် သစ်ပင်စိုက်ပျိုးရေးပွဲလေးတွေကို လမ်းဦးစီးဌာနအတွက် ဝိုင်းလုပ်ပေးကြဖို့ အားလုံး ဆွေးနွေး သဘောတူခဲ့ကြပါတယ်။ လူထုကို ဌာနဆိုင်ရာတွေက ရှင်းပြစည်းရုံးပြီး လူထုလှုပ်ရှားမှုအသွင်နဲ့ စိုက်ကြမှာပါ။ လမ်းနဲ့ဝေးတဲ့ ရွာတွေမှာလည်း ဌာနအလိုက် ကျေးရွာတွေကို ခွဲဝေ တာဝန်ယူမှုနဲ့ လူထုကို စည်းရုံးဦးဆောင်ပြီး ပညာပေးရင်း စိုက်ပျိုးဖို့ ဆွေးနွေးခဲ့ကြပါတယ်”ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ကူးတံတားသစ်အဖြစ် သံလွင်တံတား(တာဆန်း) (၂)အပြင် သံလွင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် တံတား (၅)စင်းမှ သက်တမ်း (၅၀)ရှိနေသည့် ကွမ်လုံတံတားနှင့် သက်တမ်း (၄၅)နှစ် ရှိနေသည့် တာကော်တံတား တို့ကိုလည်း အသစ်ပြန်လည်ပြုပြင်တည်ဆောက်ရန်ရှိနေကြောင်းသိရသည်။

လက်ရှိတည်ဆောက်နေသည့် တာဆန်းတံတား(၂) ပန္နက်တင်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိုင်းတုံမြို့နယ်ခရီးစဉ်အတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကိုဆက်သွယ်ထားသည့် သံလွင်တံတား(တာဆန်း) တံတားသစ်သည် (၂၆၁.၇၂၃) မီတာရှည်လျားပြီး ပင်မတံတားမီတာ (၂၀၀)၊ တံတားအကျယ် (၁၀. ၅)မီတာ၊ ကားလမ်း (၈. ၅)မီတာ၊ လူသွားလမ်း တစ်ဖက်လျှင်(၁)မီတာ၊ ရေလမ်းကင်းလွတ်အကျယ်(၂၀၀)မီတာ၊ အမြင့်(၈)မီတာရှိမည်ဖြစ်ကြောင်း သိရသည်။

တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်(၇၅)တန်ရှိမည်ဖြစ်ကာ ကျပ်သန်းပေါင်း (၁၃၀၀၀) ကုန်ကျမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net