စက်တင်ဘာလ(၁၃)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် Covdi-19 အတည်ပြုလူနာ (၁၃၆)ဦး ထပ်တိုးသည့်အပြင် သေဆုံးသူ (၂)ဦးထပ်တိုး

စက်တင်ဘာလ(၁၃)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် Covdi-19 အတည်ပြုလူနာ (၁၃၆)ဦး ထပ်တိုးသည့်အပြင် သေဆုံးသူ (၂)ဦးထပ်တိုး
စက်တင်ဘာ 13, 2020
By Tachileik News Agency
စက်တင်ဘာလ(၁၃)ရက်နေ့အတွက် ပထမအသုတ် စစ်ဆေးမှုတွင် Covdi-19 အတည်ပြုလူနာ (၁၃၆)ဦး ထပ်တိုးသည့်အပြင် သေဆုံးသူ (၂)ဦးထပ်တိုး
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)အပါအဝင် ဓါတ်ခွဲနေရာပေါင်း (၁၃)နေရာမှ စက်တင်ဘာလ (၁၃)ရက်နေ့အတွက် (၁,၃၉၁)ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးရာ Covid-19 အတည်ပြုလူနာ (၁၃၆)ဦး ထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ(၁၃)ရက်နေ့ ည(၈)နာရီအချိန်တွင် သတင်းထုတ်ပြန်ထားရှိသည်။
စက်တင်ဘာလအတွင်း ကူးစက်ခံရသူများထဲက  အသက်(၇၄) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-2429)  နှင့် အသက် (၉၀) နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသမီး (Case-2064)တို့သည့် စက်တင်ဘာလ(၁၃)ရက်နေ့ မွန်းလွဲပိုင်းက သေဆုံးသွား၍ သေဆုံးသူ စုစုပေါင်း (၂၀)ဦးအထိ ရှိလာကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၃)ရက်နေ့ ည(၈)နာရီအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၉၃၂)ဦးရှိနေပြီး သေဆုံးသူမှာ (၂၀)ဦးအထိ တိုးလာကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~