Covid-19 စတင် ပြန့်ပွားခဲ့သည့် တရုတ်နိုင်ငံက ဆေးထိုးအပ်မလိုသည့် Covid-19 ကာကွယ်ဆေး ထုတ်လုပ်

Photo:  Xinhua/Zhang Yuwei/Getty Images
Photo: Xinhua/Zhang Yuwei/Getty Images
Covid-19 စတင် ပြန့်ပွားခဲ့သည့် တရုတ်နိုင်ငံက ဆေးထိုးအပ်မလိုသည့် Covid-19 ကာကွယ်ဆေး ထုတ်လုပ်
စက်တင်ဘာ 8, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 တရုတ်နိုင်ငံက ဆေးထိုးအပ်ဖြင့် ထိုးစရာမလိုဘဲ ရှူသွင်းရသည့် COVID-19 ကာကွယ်ဆေးတစ်မျိုးကို အသုံးပြုရန် တရားဝင်ခွင့်ပြုပေးလိုက်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာကြောင်း သိရသည်။ 

COVID-19 ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည့် တရုတ်က ဆေးထိုအပ်မလိုသည့် ကာကွယ်ဆေးကို နိုင်ငံအတွင်း အသုံးပြုလာတော့မည် ဖြစ်သည်။

ရှူသွင်းရသည့် COVID-19 ကာကွယ်ဆေးထုတ်လုပ်သည့် CanSino Biologics က စက်တင်ဘာလ (၄) ရက် ထုတ်ပြန်ချက်တွင် ပြောထားမှုအရ တရုတ်အစိုးရ၏ ဆေးဝါးကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ၎င်းတို့ကုမ္ပဏီထုတ် ရှူသွင်းကာကွယ်ဆေးကို အရေးပေါ်သုံးအတွက် ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ခွင့်ပြုလိုက်ပြီဟု သိရသည်။

Convidecia Air ဟုခေါ်သည့် အဆိုပါ ထုတ်ကုန်ပစ္စည်းက ကာကွယ်ဆေးကို ပါးစပ်နှင့်နှာခေါင်းကိုအုပ်ရသည့် အောက်စီဂျင်ရှူသည့်အရာမျိုးထံကနေ လေမှတစ်ဆင့်သွင်းပေးခြင်းဖြစ်ပြီး လေကို ပါးစပ်ဖြင့် ရှူသွင်းရခြင်း ဖြစ်သည်။ 

CanSino က ထုတ်လုပ်ထားသည့် ဆေးထိုအပ်ဖြင့် ထိုးရသည့် COVID-19 ကာကွယ်ဆေးကို တရုတ်နိုင်ငံတွင် အသုံးပြုနေပြီး ထိုဆေးကို အခြား ကမ္ဘာ့နိုင်ငံ လက်တစ်ဆုပ်စာက တရားဝင်ခွင့်ပြုချက် ထုတ်ပေးထားသည်ဟု ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ၏ အချက်အလက်များအရ CanSino ၏ ထုတ်ကုန်သစ်မှာ လက်တွေ့စမ်းသပ်သည့်အဆင့်သို့ ရောက်ရှိနေသည့် ရှူသွင်းရသော COVID-19 ကာကွယ်ဆေးနှစ်ခုအနက်မှ တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ 

ကမ္ဘာတဝန်းမှ ကုမ္ပဏီများက COVID-19 ကာကွယ်ရေးကို နှာခေါင်းနှင့် ပါးစပ်မှတစ်ဆင့် သွင်းပေးရန် ဆန်းသစ်သည့်နည်းလမ်းများကို သုတေသနလုပ်နေကြသည်။

Source: CNN