စက်တင်ဘာလ(၈)ရက်နေ့၏ ဓါတ်ခွဲနမူနာ (၂)ကြိမ်ပေါင်း စစ်ဆေးမှုတွင် အတည်ပြုလူနာ (၁၉၇)ဦး ထပ်တိုး

စက်တင်ဘာလ(၈)ရက်နေ့၏ ဓါတ်ခွဲနမူနာ (၂)ကြိမ်ပေါင်း စစ်ဆေးမှုတွင် အတည်ပြုလူနာ (၁၉၇)ဦး ထပ်တိုး
စက်တင်ဘာ 9, 2020
By Tachileik News Agency
စက်တင်ဘာလ(၈)ရက်နေ့၏ ဓါတ်ခွဲနမူနာ (၂)ကြိမ်ပေါင်း စစ်ဆေးမှုတွင် အတည်ပြုလူနာ (၁၉၇)ဦး ထပ်တိုး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့၏ ဓါတ်ခွဲနမူနာများကို ဒုတိယအသုတ်အဖြစ် စစ်ဆေးရာ အတည်ပြုလူနာ (၉၈)ဦး တိုးလာကြောင်း စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်သည်။
၂၀၂၀ခုနှစ် စက်တင်ဘာလ(၈)ရက်နေ့၏ ပထမအသုတ် ဓါတ်ခွဲနမူနာများကို စစ်ဆေးရာတွင် (၉၉)ဦး အတည်ပြုလူနာ တွေ့ရှိပြီး ဒုတိယအသုတ်တွင် (၉၈)ဦး တွေ့ရှိ၍ စက်တင်ဘာလ(၈)ရက်နေ့ တစ်နေ့တည်းတွင် ဓါတ်ခွဲနမူနာ စုစုပေါင်း (၃၃၁၇)ခုကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ စုစုပေါင်း (၁၉၇)ဦး တွေ့ရှိခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၉)ရက်နေ့ နံနက် (၈)နာရီအချိန်အထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၈၀၇)ဦးအထိ ရှိလာပြီး သေဆုံးသူမှာ (၁၂)ဦးရှိနေပြီဖြစ်သည်။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~