တောင်ကြီးမြို့တွင် PCR စနစ်ဖြင့် စစ်ရန် ပို့ထားသည့် ဓါတ်ခွဲများထဲမှ တာချီလိတ်မြို့က (၂)ဦးတွင် Covid-19 တွေ့

တောင်ကြီးမြို့တွင် PCR စနစ်ဖြင့် စစ်ရန် ပို့ထားသည့် ဓါတ်ခွဲများထဲမှ တာချီလိတ်မြို့က (၂)ဦးတွင် Covid-19 တွေ့
ဒီဇင်ဘာ 18, 2020
By Tachileik News Agency

 

တောင်ကြီးမြို့တွင် PCR စနစ်ဖြင့် စစ်ရန် ပို့ထားသည့် ဓါတ်ခွဲများထဲမှ တာချီလိတ်မြို့က  (၂)ဦးတွင် Covid-19 တွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ COVID-19 အတည်ပြုလူနာများနှင့်ထိတွေ့သူများ၏ ဓာတ်ခွဲနမူနာ (၄၀) ကျော်ကို တောင်ကြီးမြို့သို့ ပေးပို့စစ်ဆေးရာ  ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လည်(၁)နာရီအချိန်အထိ  အတည်ပြုလူနာ (၂) ဦးတွေ့ရှိသည်။
ဒီဇင်ဘာလ(၁၅)ရက်နေ့က ဓါတ်ခွဲနမူနာ ရယူပြီး တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပေးပို့စစ်ဆေးထားသည့် ဓာတ်ခွဲနမူနာများထဲမှ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီး အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် Quarantine ထားရှိသူနှင့် ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာတွင် နေအိမ်အသွားအလာကန့်သတ်ခံရသူ (၁) ဦးတို့ဖြစ်သည်။
တောင်ကြီးသို့ ပို့စစ်ထားသည့် (၄၀)ကျော်အား တာချီလိတ်မြို့တွင် ပထမအကြိမ်အဖြစ် RDT ဖြင့် စစ်ရာ ပိုးမတွေ့ဘဲ အသွားအလာကန့်သတ်ထားသည့် သတ်မှတ်ရက် ပြည့်ခါနီးဖြစ်သည့် ဒီဇင်ဘာလ(၁၅)ရက်နေ့က အာခေါင် နှင့် နှာခေါင်းတို့ပတ်များကိုယူကာ ဒုတိယအကြိမ်အဖြစ် PCR ဖြင့် စစ်ဆေးရာမှ ပိုးတွေ့ရှိရခြင်း ဖြစ်သည်။
ယနေ့ နံနက်တွင် တာချီလိတ်ဆေးရုံဟောင်းဝင်းအတွင်းရှိ Fever Clinic သို့  လေယာဉ်စီးမည့်ခရီးသည်များ၊ လေဆိပ်ဝန်ထမ်းများနှင့် မိမိဆန္ဒအလျောက် COVID-19 စစ်ဆေးသူ စုစုပေါင်း (၅၀) ဦးကျော်တွင် COVID-19 ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၈) ရက်နေ့ နေ့လည် (၁) နာရီအထိ အတည်ပြုလူနာ (၁၀၂) ဦးတွေ့ရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရသူ (၇၈) ဦးရှိသွားပြီဖြစ်သဖြင့် အတည်ပြုလူနာ (၂၄) ဦးဆေးရုံတွင် ကျန်ရှိနေသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~