တာချီလိတ်ခရိုင်အတွင်း Covid-19 စစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့်လှစ်မည်

တာချီလိတ်ခရိုင်အတွင်း Covid-19 စစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့်လှစ်မည်
အောက်တိုဘာ 9, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း Covid-19 စစ်ဆေးရေးဂိတ် တိုးချဲ့ဖွင့်လှစ်မည်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းမှာ COVID-19 နဲ့ပတ်သက်တဲ့ စစ်ဆေးဂိတ်တွေတိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
လက်ရှိအချိန်မှာ ကုန်တင်ယာဉ်မောင်းတွေကို COVID-19 စစ်ဆေးမှုတွေ လုပ်ဆောင်ပေးနေပေမယ့် ခရီးသည်တင်ယာဉ်တွေနဲ့ လာရောက်သူတွေကို သတ်မှတ်ရက်အတိုင်း Quarantine ဝင်ရမှာဖြစ်တယ်လို့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းအတွက် COVID-19 ကာကွယ်ရေးလုပ်ငန်းတွေမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းကူညီဖို့လိုတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း ဝင်ရောက်မယ့် ကုန်တင်ယာဉ်မောင်းတွေအနေနဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေက ထုတ်ပေးထားတဲ့ COVID-19 ကင်းရှင်းကြောင်းထောက်ခံချက်ပါရှိဖို့လိုအပ်တယ်လို့သိရပါတယ်။ 
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~