သင်သိပါသလား ရှမ်းပြည်နယ်တွင်းမှ လေယာဉ်စီးခရီးသည်များ Covid-19 ကို ဘယ်နေရာတွေမှာ စစ်လို့ရသလဲဆိုတာ..

သင်သိပါသလား ရှမ်းပြည်နယ်တွင်းမှ လေယာဉ်စီးခရီးသည်များ Covid-19 ကို ဘယ်နေရာတွေမှာ စစ်လို့ရသလဲဆိုတာ..
ဇန်နဝါရီ 14, 2021 | Covid-19

သင်သိပါသလား…………

ရှမ်းပြည်နယ်တွင်းမှ လေယာဉ်စီးခရီးသည်များ Covid-19 ကို ဘယ်နေရာတွေမှာ စစ်လို့ရသလဲဆိုတာ..

ပြည်တွင်းလေကြောင်းခရီးများကို ပျံသန်းပြေးဆွဲခွင့်ပြုထားသော်လည်း COVID 19 ရောဂါ မပြန့်ပွားစေရန်အတွက် လေယာဉ်စီးနင်းမည့် ခရီးသည်အားလုံး သတ်မှတ်နေရာများတွင် လေယာဉ်မစီးနင်းမီ (၃၆)နာရီအတွင်း COVID 19 စစ်ဆေးခံကြရပါမယ်။

🏷 ရှမ်းပြည်နယ်တောင်ပိုင်း 

  1. တောင်ကြီး  အေးသာယာတိုက်နယ်ဆေးရုံ၊
  2. ကလောမြို့ထွက်ဂိတ်၊
  3. သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံများ။

🏷 ရှမ်းပြည်နယ်မြောက်ပိုင်း

  1. လားရှိုးမြို့၊  သာသနာ(၂၅၀၀)ဘုရားဓမ္မာရုံရှိ COVID 19 စစ်ဆေးရေးစင်တာ

🏷 ရှမ်းပြည်နယ်အရှေ့ပိုင်း

  1. (ကျိုင်းတုံမြို့) မြို့တော်ခန်းမ Fever Clinic၊ လေယာဉ်ကွင်းလမ်း။
  2. (တာချီလိတ်မြို့) တာချီလိတ်ဆေးရုံဟောင်းဝင်းရှိ Fever Clinic 

လေယာဉ်စီးနင်းရန် COVID 19 စစ်ဆေးခံရမည့်သူများအနေဖြင့် လေယာဉ်လက်မှတ်၊ မှတ်ပုံတင်တို့ ယူဆောင်သွားရန်လိုအပ်သလို စစ်ဆေးခ ကျပ် (၁၀၀၀၀) ပေးသွင်းရမှာ ဖြစ်ပါတယ်။

ခြွင်းချက်အနေနဲ့ အချို့မြို့များမှာတော့ အထက်ပါ လိုအပ်ချက်များအပြင် မှတ်ပုံတင်မိတ္တူနဲ့ ပတ်စ်ပို့ဓာတ်ပုံတစ်ပုံလည်း ယူဆောင်သွားဖို့ လိုအပ်ပါတယ်။