ကယားပြည်နယ် လွိုင်ကော်မြို့တွင် မန္တလေးမှ ပြန်လာသောသည့် ယာဉ်မောင်းတစ်ဦး၌ COVID - 19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့တွင် မန္တလေးမှ ပြန်လာသောသည့် ယာဉ်မောင်းတစ်ဦး၌ COVID - 19 ပိုးတွေ့
ဒီဇင်ဘာ 12, 2020
By Tachileik News Agency

 

ကယားပြည်နယ် လွိုင်ကော်မြို့တွင်  မန္တလေးမှ ပြန်လာသောသည့် ယာဉ်မောင်းတစ်ဦး၌ COVID - 19 ပိုးတွေ့
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်း (သစ်ဆိပ်) တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးပေးရာ မန္တလေးမှ ပြန်လာသည့် ကုန်တင်ယာဉ်မောင်း (၁) ဦး၌ ပိုးတွေ့ရကြောင်း သိရသည်။
လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၈၀)ဦးအား ဒီဇင်ဘာလ (၁၂)ရက်နေ့၌ RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ယာဉ်မောင်း (၁)ဦးထံတွင် Covid-19 ပိုးစစ်ဆေးတွေ့ ရှိခဲ့ခြင်းဖြစ်သည်။ 
Covid -19 ရောဂါပိုး တွေ့ရှိခဲ့သူ အသက်(၄၀) အရွယ် ယာဉ်မောင်းအမျိုးသားသည် ဒီဇင်ဘာလ (၉) ရက်နေ့တွင် မန္တလေးမြို့မှ ကုန်ပစ္စည်းများတင်၍ လွိုင်ကော်မြို့ယာယီကုန်တင်ယာဉ် ရပ်နားစခန်းသို့ ရောက်ရှိခဲ့သူဖြစ်ကြောင်း သိရသည်။ 
ပိုးတွေ့ရှိခဲ့သူ အတည်ပြုလူနာမှာ ကျန်းမာရေးအခြေအနေကောင်းမွန်နေပြီး ၎င်းနှင့် ထိတွေ့ခဲ့သူ ယာဉ်နောက်လိုက်အပါအဝင် အခြားယာဉ်မောင်း (၂)ဦးကိုပါ လွိုင်ကော် န.တ.လ သင်တန်းကျောင်းသို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ထားကာ ဓာတ်ခွဲနမူနာများရယူ၍ ထပ်မံစစ်ဆေး သွားမည် ဖြစ်ကြောင်းသိရသည်။ 
ကယားပြည်နယ်တွင် ဒီဇင်ဘာလ (၁၂) ရက်နေ့ထိ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၅၄)ဦးရှိပြီဖြစ်ပြီး ရောဂါကင်းစင်၍ ဆေးရုံဆင်းခွင့်သူ (၂၃)ဦးရှိပြီဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ -ရွှေလွိုင်ကော်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~