ရန်ကုန်မှ ပြန်လာသည့် ပေါက်မြို့နယ် နှင့် မကွေးမြို့နယ်တို့မှ အမျိုးသမီး (၂)ဦးတွင် Covid-19 တွေ့

ရန်ကုန်မှ ပြန်လာသည့် ပေါက်မြို့နယ် နှင့် မကွေးမြို့နယ်တို့မှ အမျိုးသမီး (၂)ဦးတွင် Covid-19 တွေ့
စက်တင်ဘာ 17, 2020
By Tachileik News Agency

 

ရန်ကုန်မှ ပြန်လာသည့် ပေါက်မြို့နယ် နှင့် မကွေးမြို့နယ်တို့မှ အမျိုးသမီး (၂)ဦးတွင် Covid-19 တွေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ ပေါက်မြို့နယ် နှင့် မကွေးမြို့နယ်တို့တွင် ရန်ကုန်မှ ပြန်လာသူ အမျိုးသမီး (၂)ဦးထံက Covid-19 ပိုးတွေ့ရှိ၍ မကွေးတိုင်းဒေသကြီးအတွင်း၌ အတည်ပြုလူနာ စုစုပေါင်း (၁၅)ဦးအထိ ရှိလာကြောင်း သိရသည်။
စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးမှ ထုတ်ပြန်သည့် အတည်ပြုလူနာစာရင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းထဲက (၂)ဦးတွင် ရန်ကုန်မှ ပြန်လာကြသည့် ပခုက္ကူခရိုင် ပေါက်မြို့နယ်က အသက် (၂၄)နှစ်အရွယ် အမျိုးသမီး (၁)ဦး နှင့်  မကွေးမြို့နယ်၊ မိကျောင်းရဲ ၊ တောင်ခွင်ကျေးရွာအုပ်စု ၊ မကျီးကန်ရွာ မှ အသက်(၂၁)နှစ် အရွယ်အမျိုးသမီး (၁)ဦးတို့ ဖြစ်သည်။
"ဒီနေ့မနက် (၂)ဦးထပ်တွေ့တာ ဟုတ်ပါတယ်။ ရန်ကုန်ပြန် မိချောင်းရဲ မှာ facility quarantine ထားသူ အမျိုးသမီး (၁)ဦးနဲ့ ပေါက်မြို့နယ် က facility quarantine ထားသူ အမျိုးသမီး (၁)ဦး ဓာတ်ခွဲနမူနာပို့စစ်ခဲ့တာပါ။ မကွေးတိုင်းမှာ ပိုးတွေ့လူနာစုစုပေါင်း (၁၅)ဦးရှိပါပြီ"ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန့်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
မကွေးတိုင်းတွင် လတ်တလော Quarantine ထားရှိသူ (၂,၇၀၀)ကျော်ရှိပြီး ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့ဆောင် စစ်ဆေးလျှက်ရှိနေကြောင်း သိရပြီး ပေါက်မြို့နယ်မှ ပိုးတွေ့လူနာအား ပခုက္ကူဆေးရုံသို့ လည်းကောင်း မိချောင်းရဲမှ ပိုးတွေ့လူနာအား မကွေးတိုင်းဆေးရုံသို့ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ အသစ်ထပ်တိုးသည့် အတည်ပြုလူနာ (၁၅)ဦးတွင် (၄)ဦးမှ ဆေးရုံဆင်းခွင့်ရသွားပြီ ဖြစ်ကြောင်း သိရသည်။ 
တစ်နိုင်ငံလုံးအနေဖြင့် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၇)ရက်နေ့ နံနက်(၈)နာရီအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Covid-19 အတည်ပြုလူနာ စုစုပေါင်း ( ၃,၈၉၄ )ဦး ရှိနေရာ သေဆုံးသူမှာ (၄၆)ဦးရှိပြီး သက်သာပျောက်ကင်း ဆေးရုံဆင်းခွင့်ရသူမှာ (၉၀၈)ဦး ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~