တာချီလိတ်မြို့တွင် ဩဂုတ်လ(၆)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံရသူ (၇၂)ဦး  တွေ့ရှိ

တာချီလိတ်မြို့တွင် ဩဂုတ်လ(၆)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံရသူ (၇၂)ဦး  တွေ့ရှိ
သြဂုတ် 6, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့၏ ဩဂုတ်လ(၆)ရက်နေ့ တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံရသူ (၇၂)ဦးအထိ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ရသည့် (၇၂)ဦးတွင် ရန်အောင်မြေရပ်ကွက်က အများဆုံးပါဝင်ပြီး ဒုတိယအများဆုံးအနေဖြင့် ဆန်ဆိုင်း(ခ)ရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်တို့က ပါဝင်ကြောင်း သိရသည်။

ပိုးတွေ့ရှိရသူများတွင် MCD Bank မှ အမျိုးသား (၁)ဦး၊ imnet မှ အမျိုးသမီး(၁)ဦး၊ ဈေးသည်(၇)ဦး နှင့် ယာဉ်မောင်း(၄)ဦးတို့ ပါဝင်ပြီး ကျန်ရှိသူများမှာ အွန်လိုင်းဂိမ်းအချို့က ပါဝင်ကြောင်း ကျန်းမာရေးဌာနမှ  သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁,၆၇၄)ဦးအထိရှိနေရာ သေဆုံးသူမှာ (၁၇)ဦးအထိရှိနေပြီး ပိုးတွေ့၍ သတ်မှတ်ရက် (၁၁)ရက်ပြည့်ပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၈၀၀)ကျော်အထိ ရှိကြောင်း သိရသည်။