တာချီလိတ်မြို့တွင် ရန်ကုန်မှလာသည့် လမ်းလုပ်သားတစ်ဦးအား ဒုတိယအကြိမ် စစ်ဆေးရာမှ Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် ရန်ကုန်မှလာသည့် လမ်းလုပ်သားတစ်ဦးအား ဒုတိယအကြိမ် စစ်ဆေးရာမှ Covid-19 ပိုးတွေ့
ဇန်နဝါရီ 12, 2021 | Covid-19

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်ရန်၍ အသွားအလာ ကန့်သတ်ထားသည့် (၁၇) ဦးအဖွဲ့မှ အမျိုးသား (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။

အဆိုပါ လမ်းလုပ်သားအဖွဲ့မှာ ရန်ကုန်မှ လာသူများဖြစ်၍ နာတာလီအနီးတွင် အသွားအလာကန့်သတ်ထားကာ (၃) ရက်မြောက်နေ့က ပထမအကြိမ် RDT ဖြင့် စစ်ဆေးမှုအတွင်း အားလုံး Negative အဖြေရသော်လည်း ဒုတိယအကြိမ်အဖြစ် (၁၁) ရက်မြောက်နေ့တွင် PCR စစ်ရာ၌ Positive (၁) ဦး တွေ့ရခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာအား တာချီလိတ်ရှိ COVID 19 ကုသဆောင်၌ ထားရှိကုသပေးမည်ဖြစ်ရာ ကုသဆောင်၌ အတည်ပြုလူနာ (၂)ဦးရှိလာပြီဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၁၀၉)ဦး တွေ့ရှိထားသည့်အနက် (၁၀၇)ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်သည်။

Tachileik News Agency

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။