တာချီလိတ်မြို့နယ်အတွင်း မိုင်းဆတ် - ဟွေရဲလမ်းတွင် မူးယစ်ဆေးဝါးဖမ်းမိ

တာချီလိတ်မြို့နယ်အတွင်း မိုင်းဆတ် - ဟွေရဲလမ်းတွင် မူးယစ်ဆေးဝါးဖမ်းမိ
သြဂုတ် 26, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း  မိုင်းဆတ် - ဟွေရဲလမ်းတွင် မူးယစ်ဆေးဝါးဖမ်းမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းဆတ် - ဟွေရဲလမ်းတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့က စိတ်ကြွဆေးပြား (၁၀,၀၀၀) သယ်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ် (၂)စီးနှင့်အတူ ဖမ်းမိကြောင်း သိရသည်။
မိုင်းဆတ် - ဟွေရဲလမ်းတွင် သြဂုတ်လ (၂၅)ရက်နေ့ နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၁)ဦးအား စစ်ဆေးနေစဉ် အမျိုးသမီးတစ်ဦးမောင်းနှင်သည့် ဆိုင်ကယ်ရောက်လာပြီး ဆိုင်ကယ်ထားခဲ့ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထွက်ပြေးသွားသည့် အမျိုးသမီးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရမိပြီး ဆိုင်ကယ်အား စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၀,၀၀၀)ပြားကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ(၂)ဦးအနက် အညီးက ရှေ့ပြေးအဖြစ် မောင်းနှင်လာခြင်းဖြစ်ပြီး မနာဟဲက မူးယစ်ဆေး သယ်ဆောင်လာကြခြင်းဖြစ်ကြောင်း သိရဖြင့် ဖမ်းဆီးရမိသူနှစ်ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁၃/၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~