ကျိုင်းတုံမှ လူငယ်များက စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်မှု စတင် 

ကျိုင်းတုံမှ လူငယ်များက စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်မှု စတင် 
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ကျောင်းသားလူငယ်များက စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်မှုကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် လုပ်ဆောင်ကြသည်။



လူငယ် (၆၀) ဝန်းကျင်က ကျိုင်းတုံတက္ကသိုလ်မှနေ၍ ပြန်ကြားရေးရုံးအရှေ့အထိ ဆိုင်ကယ်များဖြင့် ပတ်ပြီး ဒီမိုကရေစီအောင်ပါစေ၊ စစ်အာဏာရှင်ကျရှုံးပါစေ၊ Civil Disobedience ကို အားပေးပါတယ်ဆိုသည့် ကြွေးကြော်သံများဖြင့် လှုံ့ဆော်ခဲ့ကြကြောင်း သိရသည်။



ကျိုင်းတုံမြို့မှ ကျောင်းသူကျောင်းသားများအပြင် အခြားမြို့များတွင် ကျောင်းသွားတက်ရာမှ ပြန်လာကြသည့် ကျောင်းသူကျောင်းသားများပါ ပူးပေါင်းဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency