တာချီလိတ်၌ အလင်းရောင် ပရဟိတအသင်း ရုံးခန်းသစ် အောင်မြင်စွာ ဖွင့်လှစ်

တာချီလိတ်၌ အလင်းရောင် ပရဟိတအသင်း ရုံးခန်းသစ် အောင်မြင်စွာ ဖွင့်လှစ်
ဒီဇင်ဘာ 21, 2013 | ရှမ်းရှေ့
By Tachileik News Agency
တာချီလိတ်မြို့၌  လူမှုကူညီရေးအသင်းအဖွဲ့ (၁၀)ဖွဲ့မနည်း ရှိသည်များအနက် ဘာသာရေး၊ သာရေး/နာရေး နှင့် လူမှုကူညီရေးများကို အခမဲ့ ကူညီဆောင်ရွက်ပေးနေသော အလင်းရောင်ပရဟိတအသင်း၏ ရုံးခန်းအား ယနေ့ ဒီဇင်ဘာလ (၂၁)ရက် နံနက် (၉)နာရီအချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ တည်နေရာတွင် အောင်မြင်စွာ လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် အလင်းရောင်ပရဟိတအသင်း နာယက တစ်ဦးဖြစ်သည့် ဦးစိုင်းဝဏ္ဏထွန်း (ဝဏ္ဏသိန်းသန်း သတ္တုတူးဖော်ရေးကုမ္ပဏီ)တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 
 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား လက်ဖက်ရည်နှင့် မုန့်တည်ခင်းဧည့်ခံခဲ့ကြပြီး ဧည့်သည်တော်များအား အသင်း၏ အမှတ်တရ လက်ဆောင်အဖြစ် သော့ချိတ်များကိုလည်း ပေးခဲ့ကြသည်။

 
 

အလင်းရောင်ပရဟိတအသင်းအား ဥက္ကဌဖြစ်သူ ဦးမြင့်ဦး မှ ဦးစီးဦးဆောင်၍ အသင်းသား၊ အသင်းသူ (၂၅၀)ကျော်တို့ဖြင့် တာချီလိတ်မြို့တွင်း၌ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေသည့်အပြင် လပြည့်၊ လကွယ် စုပေါင်းဘုံဆွမ်းလောင်းခြင်းနှင့် တရားပွဲများ ကျင်းပခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိပြီး အဆိုပါ အသင်းအား ၁.၁.၂၀၁၂ ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ထားတာဖြစ်ကြောင်းလည်း သိရှိရသည်။

 

ပုံများကိုကြည့်ရန်
တာချီလိတ်၌ အလင်းရောင်ပရဟိတအသင်း ရုံးခန်းသစ် အောင်မြင်စွာဖွင့်လှစ်

36 photos