တာချီလိတ်မြို့တွင် ပြည်ထောင်စုဝန်ကြီးခရီးစဉ်ရှိ၍ လမ်းဘေးတွန်းလှည်းဈေးသည်များကို လမ်းဘေးတွင် ရောင်းချခွင့်မပြုတော့ဘဲ ရှမ်းရိုးမကွင်းအတွင်းသို့ ဧပြီလ(၂၉)ရက်နေ့အထိ ပြောင်းရွှေ့ရောင်းချရန် စည်ပင်က စေခိုင်းထား

ဧပြီ 24, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ပြည်ထောင်စုဝန်ကြီးခရီးစဉ်ရှိသည်ဟုဆိုကာ တာချီလိတ်မြို့တွင်း လမ်းမကြီးရှိ လမ်ဘေးတွင် တွန်းလှည်းဖြင့် ရောင်းချသည့် ဆိုင်များကို ယခင်အတိုင်းရောင်းချခွင့်မပြုတော့ဘဲ နေ့ပိုင်းတွင် ယာယီအဖြစ် ရှမ်းရိုးမကွင်းအတွင်းသို့ ဧပြီလ(၂၉)ရက်နေ့အထိ ပြောင်းရွှေ့ရောင်းချခိုင်းထားကြောင်း သိရသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့၊ ဆေးရုံဟောင်းရှေ့ နှင့် အထက(တာချီလိတ်)ကျောင်းရှေ့တို့တွင် နေ့စဉ် တွန်းလှည့်ဖြင့် ဈေးရောင်းချနေသည့် ဈေးသည်များကို ဧပြီလ(၂၉)ရက်နေ့အထိ ရောင်းချရမည်ဖြစ်ကြောင်းကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက လိုက်လံအသိပေးထားကြောင်း သိရသည်။

"လူကြီးခရီးစဉ်ရှိလို့ဆိုပြီး စည်ပင်က လိုက်အသိပေးထားလို့ နေ့ပိုင်း ရှမ်းရိုးမကွင်းထဲ ရွှေ့ပြီး ရောင်းနေတယ်။ (၂၉)ရက်နေ့အထိလို့ ပြောတယ်။"ဟု ဈေးသည်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ဧပြီလ(၂၄)ရက်နေ့တွင် ရောက်ရှိနေသည်။