တာချီလိတ်တွင် ရွေးကောက်ပွဲကော်မရှင်က ကျေးရွာများသို့ ဆန္ဒမဲပေးပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်း ဆောင်ရွက်

တာချီလိတ်တွင် ရွေးကောက်ပွဲကော်မရှင်က ကျေးရွာများသို့ ဆန္ဒမဲပေးပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်း ဆောင်ရွက်
သြဂုတ် 7, 2020
By Tachileik News Agency
တာချီလိတ်တွင် ရွေးကောက်ပွဲကော်မရှင်က ကျေးရွာများသို့ ဆန္ဒမဲပေးပိုင်ခွင့်ဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်း ဆောင်ရွက်

မဲဆန္ဒရှင်စာရင်း ထပ်တိုးထားသည့်ကာလအတွင်း မဲစာရင်းစစ်ဆေးကြရန်အတွက် အသိပညာပေးခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်သည်။

  "ဘာပဲဖြစ်ဖြစ်မဲစာရင်းကို ကိုယ်တိုင်သွားကြည့်ဖို့ တိုက်တွန်းပါတယ် ။   မဲပေးတဲ့အချိန်ကျမှကိုယ့်နာမည်မပါဘူးဆိုရင် ရွေးကောက်ပွဲမှာမဲပေးချင်ပေမဲ့ ပေးလို့ရမှာမဟုတ်ပါဘူး ။ မဲစာရင်းသွားကြည့်တဲ့အခါ ကိုယ့်အမည်မပါတာဘဲဖြစ်ဖြစ် အချက်အလက်မှားတာဘဲဖြစ်ဖြစ် ရပ်ကွက် ကျေးရွာ တာဝန်ရှိသူတွေထံပို့ရပါမယ် ။မဲစာရင်းကိစ္စအတွက်ပါဝင်ဆောင်ရွက်နေသူများထံမှာ သွားရောက်ဆောင်ရွက်နိုင်ပါတယ်။ဒါကအများကြည်သူနားလည်လွယ်အောင်ပြောတာဖြစ်ပါတယ်" ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက ရေပူစမ်းကျေးရွာရှိ ဒေသခံများအား တွေ့ဆုံ အသိပညာပေးကွင်းဆင်းဆေင်ရွက်စဉ်အသိပေးပြောကြားသည်။

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ရေပူစမ်းကျေးရွာ၊ စမ်းလုကျေးရွာနှင့် အာဒီးကျေးရွာတို့တွင် မဲရုံများဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်း စစ်ဆေးကြရန် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက တိုက်တွန်းပြောကြားသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လွယ်တော်ခမ်းကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့မှ အဖွဲ့ဝင်များသည် ရေပူစမ်းမဲဆန္ဒရုံ ကျေးရွာရှိ အမှတ် (၃) နှင့် စမ်းလုကျေးရွာရှိ မဲဆန္ဒရုံ အမှတ် (၂) တို့ကိုသွားရောက်ပြီး ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ဒေသခံများဖြင့်တွေ့ဆုံကြသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူများစာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့အထိ ပထမအကြိမ်အဖြစ် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~