တာချီလိတ်မြို့တွင် ၄.၁၂.၂၀၂၀ နေ့လည်ပိုင်းအထိ တွေ့ရှိရသည့် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀)ဦး

တာချီလိတ်မြို့တွင် ၄.၁၂.၂၀၂၀ နေ့လည်ပိုင်းအထိ တွေ့ရှိရသည့် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀)ဦး
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
 
တာချီလိတ်မြို့တွင် ၄.၁၂.၂၀၂၀ နေ့လည်ပိုင်းအထိ တွေ့ရှိရသည့် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀)ဦး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ တာချီလိတ်ဆေးရုံဟောင်းအတွင်း Covid-19 စစ်ဆေးပေးနေသည့် Fever Clinic ၌ ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ COVID-19 အတည်ပြုလူနာ (၆)ဦးအထိ တွေ့ရှိရာတွင် အသက်(၉)နှစ်အရွယ် ကလေးငယ် တစ်ဦးပါဝင်သည်။ 
တာချီလိတ်မြို့တွင် quarantine   ထားပြီးနောက် တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ထားရာ (၄)ဦးတွင် ပိုးတွေ့ရကြောင်း အဖြေရရှိသည်။

ယနေ့ နေ့လည်(၁၂)နာရီအထိ တာချီလိတ်မြို့ပေါ်မှာ (၆)ဦး နှင့် အခြားဒေသက လာသူများထဲက (၄)ဦး အပါအဝင် နေ့တစ်ပိုင်းတည်း၌ စုစုပေါင်း (၁၀)ဦးရှိနေသည် ဖြစ်သည်။ 

တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည်(၁၂)နာရီအထိ Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း (၆၅)ဦးရှိနေရာ (၁)ဦးမှာ ဒီဇင်ဘာလ(၂)ရက်နေ့က ဆေးရုံက ဆင်းခွင့်ရသွားပြီဖြစ်၍ လက်ရှိတွင် (၆၄)ဦး ရှိနေသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~