ျမန္မာ - ထိုင္းနယ္စပ္တြင္ ထုိင္းႏုိင္ငံဘက္သို႔ မူးယစ္ေဆးသယ္သည့္ ျမန္မာႏွင့္ထုိင္းပူးေပါင္းအဖြဲ႕မွ (၅၃)ဦးကို မူးယစ္ေဆး၊ လက္နက္မ်ားႏွင့္အတူ UWSA ေတာင္ပိုင္းအဖြဲ႔က ဖမ္းမိထား

ျမန္မာ - ထိုင္းနယ္စပ္တြင္ ထုိင္းႏုိင္ငံဘက္သို႔ မူးယစ္ေဆးသယ္သည့္ ျမန္မာႏွင့္ထုိင္းပူးေပါင္းအဖြဲ႕မွ (၅၃)ဦးကို မူးယစ္ေဆး၊ လက္နက္မ်ားႏွင့္အတူ UWSA ေတာင္ပိုင္းအဖြဲ႔က ဖမ္းမိထား
သြဂုတ် 29, 2019
By Tachileik News Agency
ထုိင္းႏိုင္ငံ၊ ခ်င္းမုိင္ခရိုင္၊ မယ့္အိုင္းေဒသႏွင့္ မ်က္ႏွာခ်င္းဆုိင္ရိွ ျမန္မာႏုိင္ငံ လြယ္လ်န္းေဒသကို ျဖတ္ကာ ထုိင္းဘက္သု႔ိ မူးယစ္ေဆးသယ္လာသည့္အဖြဲ႕အား UWSA “ဝ”တပ္ဖြဲ႕က ပစ္ခတ္ဖမ္းဆီးခဲ့ရာ ထုိင္းႏိုင္ငံသား (၁၄) ဦးႏွင့္ ျမန္မာႏုိင္ငံသား (၃၉)ဦးကို မူးယစ္ေဆး၊ လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

“ ၾသဂုတ္ (၂၆) ရက္ေန႔ မနက္ေစာေစာမွာ ထုိင္း (၁၄)ေယာက္နဲ႔ ျမန္မာဘက္ျခမ္းက (၃၉)ေယာက္ကို ေတာင္ပိုင္း “ဝ”ျပည္နယ္ ၁၇၁ တပ္ဖြဲ႕ကေန ဖမ္းထားတယ္။ ဖမ္းမိတဲ့ပစၥည္းေတြ မူးယစ္ေဆးနဲ႔ လက္နက္ေတြကို စိစစ္ဆဲျဖစ္ပါတယ္။  သူတုိ႔က သြားလာေနၾကလုိ႔ သတင္းရတဲ့အတြက္ ကၽြန္ေတာ္တုိ႔ တပ္ဖြဲ႕ေတြက ေစာင့္ဖမ္းတယ္။ သူတုိ႔က ေတာလမ္း ေမွာင္ခိုလမ္းကေန သြားတဲ့အဖြဲ႕ေတြျဖစ္တယ္”ဟု UWSA ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ (၂၉)ရက္ေန႔တြင္ အတည္ျပဳေျပာၾကားသည္။

ျမန္မာႏုိင္ငံဘက္ျခမ္း UWSA ထိန္းခ်ုပ္နယ္ေျမျဖစ္သည့္ လြယ္လ်န္းေဒသမွ ေမွာင္ခိုလမ္းေၾကာင္းအတိုင္း နယ္စပ္ျဖတ္၍ မူးယစ္ေဆးသယ္သည့္အဖြဲ႕အား ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၆)ရက္ေန႔ နံနက္အေစာပိုင္းတြင္ UWSA တပ္ဖြဲ႕က ဖမ္းဆီးရာ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီး ထုိင္းႏုိင္ငံ မယ့္အုိင္းေဒသဘက္သို႔ပါ မူးယစ္ေဆးသယ္သူအခ်ိဳ႕ ေရာက္သြားၿပီး က်န္လူမ်ားကို UWSA က ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

“စိတ္ၾကြေဆးျပား (၇)သန္းကေန (၁၀)သန္းအထိ ပါသြားတယ္လို႔ သိရတယ္။ သူတုိ႔ျပန္ေခါက္လာခ်ိန္မွာ ဒီဘက္က နည္းနည္းေတာ့ ဖမ္းမိတယ္။ အေတာ္မ်ားမ်ားကေတာ့ ထုိင္းဘက္ေရာက္သြားၿပီ။ လက္နက္ေတြလည္း ကၽြန္ေတာ္တုိ႔ ဖမ္းဆီးရမိထားတာရိွတယ္။ အကုန္လံုးကိုေတာ့ စစ္ေဆးဆဲျဖစ္လုိ႔ အေသးစိတ္ေတာ့ မသိရေသးဘူး”ဟု UWSA ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက ေျပာသည္။

အဆိုပါ ဖမ္းဆီးခံရသည့္အဖြဲ႕တြင္  မယ္က်န္႔ - မဲ့ဆေလာင္းလမ္းတြင္ ဇူလုိင္လ (၂၄)ရက္ေန႔က စိတ္ၾကြေဆးျပား (၇)သန္းေက်ာ္ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ သတင္းေဖၚထုတ္ခဲ့သည့္ မယ္က်န္းေဒသမွ အသက္ (၂၇)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးအား သတ္ျဖတ္မႈျဖင့္ အလိုရိွေနသူမ်ားလည္း ပါဝင္ေနသည္ဟု ထုိင္းသတင္းဌာနမ်ားတြင္ ေရးသားထားသည္။

UWSA “ဝ”တပ္ဖြဲ႕က ဖမ္းဆီးရမိထားသည့္ ထုိင္းႏုိင္ငံသား (၁၄)ဦးမွာ ထုိင္းနိုင္ငံ တရားရံုးအသီးသီးမွ ဝရမ္းထုတ္ခံထားရသူမ်ားျဖစ္သျဖင့္ ျပန္လည္လႊဲေျပာင္းေပးေရးအတြက္ ညိႇႏိႈင္းသြားမည္ဟု ထုိင္းသတင္းဌာ၏ ေဖၚျပခ်က္အရ သိရသည္။

UWSA က ဖမ္းဆီးမႈအတြင္း ေမာ္ေတာ္ယာဥ္ႏွစ္စီးႏွင့္ လက္နက္မ်ိဳးစံုကိုပါ သိမ္းဆည္းရမိထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ခ်ယ္ရီထုိက္
ဓါတ္ပံု - MRG


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံ လွယ်လျန်းဒေသကို ဖြတ်ကာ ထိုင်းဘက်သို့ မူးယစ်ဆေးသယ်လာသည့်အဖွဲ့အား UWSA “ဝ”တပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာ ထိုင်းနိုင်ငံသား (၁၄) ဦးနှင့် မြန်မာနိုင်ငံသား (၃၉)ဦးကို မူးယစ်ဆေး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။

“ သြဂုတ် (၂၆) ရက်နေ့ မနက်စောစောမှာ ထိုင်း (၁၄)ယောက်နဲ့ မြန်မာဘက်ခြမ်းက (၃၉)ယောက်ကို တောင်ပိုင်း “ဝ”ပြည်နယ် ၁၇၁ တပ်ဖွဲ့ကနေ ဖမ်းထားတယ်။ ဖမ်းမိတဲ့ပစ္စည်းတွေ မူးယစ်ဆေးနဲ့ လက်နက်တွေကို စိစစ်ဆဲဖြစ်ပါတယ်။ သူတို့က သွားလာနကြေလို့ သတင်းရတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့တွေက စောင့်ဖမ်းတယ်။ သူတို့က တောလမ်း မှောင်ခိုလမ်းကနေ သွားတဲ့အဖွဲ့တွဖြေစ်တယ်”ဟု UWSA၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၂၉)ရက်နေ့တွင် အတည်ပြုပြောကြားသည်။

မြန်မာနိုင်ငံဘက်ခြမ်း UWSA ထိန်းချုပ်နယ်မြဖြေစ်သည့် လွယ်လျန်းဒေသမှ မှောင်ခိုလမ်းကြောင်းအတိုင်း နယ်စပ်ဖြတ်၍ မူးယစ်ဆေးသယ်သည့်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ နံနက်အစောပိုင်းတွင် UWSA တပ်ဖွဲ့က ဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီး ထိုင်းနိုင်ငံ မယ့်အိုင်းဒေသဘက်သို့ပါ မူးယစ်ဆေးသယ်သူအချို့ ရောက်သွားပြီး ကျန်လူများကို UWSA က ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

“စိတ်ကြွဆေးပြား (၇)သန်းကနေ (၁၀)သန်းအထိ ပါသွားတယ်လို့ သိရတယ်။ သူတို့ပြန်ခေါက်လာချိန်မှာ ဒီဘက်က နည်းနည်းတော့ ဖမ်းမိတယ်။ အတော်များများကတော့ ထိုင်းဘက်ရောက်သွားပြီ။ လက်နက်တွေလည်း ကျွန်တော်တို့ ဖမ်းဆီးရမိထားတာရှိတယ်။ အကုန်လုံးကိုတော့ စစ်ဆေးဆဲဖြစ်လို့ အသေးစိတ်တော့ မသိရသေးဘူး”ဟု UWSA၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့်အဖွဲ့တွင် မယ်ကျန့် - မဲ့ဆလောင်းလမ်းတွင် ဇူလိုင်လ (၂၄)ရက်နေ့က စိတ်ကြွဆေးပြား (၇)သန်းကျော် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ သတင်းဖော်ထုတ်ခဲ့သည့် မယ်ကျန်းဒေသမှ အသက် (၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးအား သတ်ဖြတ်မှုဖြင့် အလိုရှိနေသူများလည်း ပါဝင်နေသည်ဟု ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။

UWSA “ဝ”တပ်ဖွဲ့က ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား (၁၄)ဦးမှာ ထိုင်းနိုင်ငံ တရားရုံးအသီးသီးမှ ဝရမ်းထုတ်ခံထားရသူများဖြစ်သဖြင့် ပြန်လည်လွှဲပြောင်းပေးရေးအတွက် ညှိနှိုင်းသွားမည်ဟု ထိုင်းသတင်းဌာ၏ ဖော်ပြချက်အရ သိရသည်။

UWSA က ဖမ်းဆီးမှုအတွင်း မော်တော်ယာဉ်နှစ်စီးနှင့် လက်နက်မျိုးစုံကိုပါ သိမ်းဆည်းရမိထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - MRG

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net