က်ိဳင္းတံုခရိုင္အတြင္း အာဖရိကဝက္အျပင္းဖ်ားေရာဂါမျပန္႔ႏွံ႔ေစရန္ ဝက္ႏွင့္ ဝက္ထြက္ပစၥည္းမ်ား သယ္ေဆာင္ျခင္းကို ကန္႔သတ္

က်ိဳင္းတံုခရိုင္အတြင္း အာဖရိကဝက္အျပင္းဖ်ားေရာဂါမျပန္႔ႏွံ႔ေစရန္ ဝက္ႏွင့္ ဝက္ထြက္ပစၥည္းမ်ား သယ္ေဆာင္ျခင္းကို ကန္႔သတ္
သြဂုတ် 17, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုခရိုင္အတြင္း အာဖရိကဝက္အျပင္းဖ်ားေရာဂါမ်ား ကူးစက္ပ်ံ႕ႏွံ႔ျခင္းမရိွေစရန္ ဝက္ႏွင့္ ဝက္သားမ်ားကို ေဒသတစ္ခုမွ တစ္ခုသို႔ သယ္ေဆာင္ျခင္းအား ဝက္ေရာဂါကင္းရွင္းေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၏ ေထာက္ခံခ်က္ႏွင့္ စည္ပင္သာယာေရးဌာန၏ သားသတ္လိုင္စင္တုိ႔ကို စိစစ္၍ ကန္႔သတ္ထားသည္။

“ေက်းရြာေတြမွာ တရားမဝင္ ဝက္သားထုတ္တာေတြကို တားျမစ္ခ်င္တာပါ။ ေရာဂါရိွေနရင္ မပ်ံ႕ပြားေအာင္ ထိန္းခ်ဳပ္ခ်င္တဲ့သေဘာပါ။ အခ်ိန္အကန္႔အသတ္ကေတာ့ သက္ဆုိင္ရာအာဏာပိုင္အဖြဲ႕အစည္းနဲ႔ ကၽြန္ေတာ္တို႔နဲ႔ ညိႇၿပီးုလုပ္မွာပါ။ အခုလက္ရိွအခ်ိန္ကေတာ့ ေဒသတြင္းမွာ ဝက္ေရာဂါျဖစ္ပြားမႈကေတာ့ စိုးရိမ္စရာမရိွပါဘူး။ ဝက္သားစားရင္ ဘာမွမျဖစ္ဖူးဆိုတာကိုလည္း ကၽြန္ေတာ္တုိ႔အေနနဲ႔ အလ်ဥ္းသင့္သလုိ အသိေပးတာေတြလည္းလုပ္ေနပါတယ္”ဟု က်ိဳင္းတံုခရိုင္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန ဦးစီးမွဴး ေဒါက္တာ မ်ိဳးနိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုခရိုင္၊ အထူးေဒသ(၄) မိုင္းလားၿမိဳ႕နယ္တြင္ အာဖရိကဝက္အျပင္းဖ်ားေရာဂါျဖစ္ပြားေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက အတည္ျပဳလုိက္ၿပီးေနာက္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔ နံနက္ပိုင္းတြင္ သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ အစည္းအေဝးတြင္ ယင္းကဲ့သို႔ ဆံုးျဖတ္လိုက္ ျခင္းျဖစ္ေၾကာင္း သိရသည္။

အထူးေဒသ(၄)မုိင္းလားၿမိဳ႕နယ္ရိွ ပုန္ဆန္ေက်းရြာအုပ္စု၊ ဝမ္ႏြဲ႕ေက်းရြာတြင္ ၾသဂုတ္လ (၁)ရက္ေန႔မွ (၆)ရက္ေန႔အတြင္း ဝက္(၁၂)ေကာင္ေသဆံုးခဲ့သျဖင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ဓါတ္ခြဲစစ္ေဆးရာ အာဖရိကဝက္အျပင္းဖ်ားေရာဂါဗိုင္းရပ္စ္ပိုးကို စစ္ေဆးေတြ႔ရိွေၾကာင္း ထုတ္ျပန္ထားၿပီးေနာက္ ယင္းကဲ့သို႔ ကန္႔သတ္ခ်က္ထြက္လာျခင္းျဖစ္သည္။

“တရုတ္မွာ အာဖရိကဝက္အျပင္းဖ်ားေရာဂါျဖစ္ၿပီဆိုတာသိကတည္းက (၅)လပိုင္းကတည္းက စီခန္႔ကေရာ၊ ေမြးျမဴေရးနဲ႔ကုသေရးကေရာ ဝက္အဝင္အထြက္ကို လံုးဝပိတ္ထားၿပီးသား။ ဝက္ကို ျပင္ပကေန ဝင္တာတို႔ က်ိဳင္းတံုခရိုင္အတြင္းက အျပင္ကို သယ္ထုတ္တာတို႔ ခြင့္မျပဳဘူး။ အခုဆိုရင္ ပိုဆိုးသြားၿပီ။ တစ္ရြာနဲ႔တစ္ရြာ ဝက္နဲ႔ဝက္ထြက္ပစၥည္းကို သယ္ယူပို႔ေဆာင္ရင္ေတာင္ သက္ဆုိင္ရာ တိေမြးကုရဲ႕ က်န္းမာေၾကာင္း ေထာက္ခံခ်က္ပါရမယ္။ သက္ဆုိင္ရာ စည္ပင္ရဲ႕ တရားဝင္ သားသတ္လုိင္စင္ရိွမွ ဒါေတြကို သယ္ယူခြင့္၊ သယ္ေဆာင္ခြင့္ေပးေတာ့မယ္”ဟု စားသုံးသူေရးရာဦးစီးဌာနမွ က်ိဳင္းတုံခရိုင္ဦးစီးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေရာဂါသည္ အိမ္ေမြးဝက္၊ ေတာဝက္မ်ားတြင္ ေသဆံုးမႈႏႈန္းျမင့္သည့္ေရာဂါျဖစ္ၿပီး ကာကြယ္ေဆး၊ ကုသေဆးမရိွသျဖင့္ ေရာဂါကူးစက္ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ရန္အတြက္ ေရာဂါျဖစ္ပြားသည့္ၿခံမွ ဝက္မ်ားအား သုတ္သင္ျခင္း၊ ပိုးသတ္ေဆးဖ်န္းျခင္း၊ ေရာဂါျဖစ္ေဒသမွ ဝက္ႏွင့္ ဝက္ထြက္ပစၥည္းမ်ား တင္သြင္းမႈကို ကန္႔သတ္တားဆီးျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္ၾကရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္းဝက္မ်ားတြင္ အာဖရိကဝက္အျပင္းဖ်ားေရာဂါပိုး ကူးစက္ခံရျခင္းမရိွေစရန္အတြက္ က်ိဳင္းတံုၿမိဳ႕ဝင္၊ ၿမိဳ႕အထြက္မ်ားတြင္ ေမာ္ေတာ္ယာဥ္မ်ားအား ပိုးသတ္ေဆးျဖန္းျခင္း၊ သားသတ္ရံုမ်ား၊ စည္ပင္သာယာေစ်းအတြင္းရိွ အသားဆုိင္မ်ားတြင္ ပိုးသတ္ေဆးျဖန္းျခင္းမ်ားကို ေမြးျမဴေရးနွင့္ ကုသေရးဦးစီးဌာနက ေဆာင္ရြက္ေနသည္ကို ေတြ႔ရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံခရိုင်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါမပြန့်နှံ့စေရန် ဝက်နှင့် ဝက်ထွက်ပစ္စည်းများ သယ်ဆောင်ခြင်းကို ကန့်သတ်
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်း အာဖရိကဝက်အပြင်းဖျားရောဂါများ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရန် ဝက်နှင့် ဝက်သားများကို ဒေသတစ်ခုမှ တစ်ခုသို့ သယ်ဆောင်ခြင်းအား ဝက်ရောဂါကင်းရှင်းကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် စည်ပင်သာယာရေးဌာန၏ သားသတ်လိုင်စင်တို့ကို စိစစ်၍ ကန့်သတ်ထားသည်။

“ကျေးရွာတွေမှာ တရားမဝင် ဝက်သားထုတ်တာတွေကို တားမြစ်ချင်တာပါ။ ရောဂါရှိနေရင် မပျံ့ပွားအောင် ထိန်းချုပ်ချင်တဲ့သဘောပါ။ အချိန်အကန့်အသတ်ကတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းနဲ့ ကျွန်တော်တို့နဲ့ ညှိပြီးုလုပ်မှာပါ။ အခုလက်ရှိအချိန်ကတော့ ဒေသတွင်းမှာ ဝက်ရောဂါဖြစ်ပွားမှုကတော့ စိုးရိမ်စရာမရှိပါဘူး။ ဝက်သားစားရင် ဘာမှမဖြစ်ဖူးဆိုတာကိုလည်း ကျွန်တော်တို့အနေနဲ့ အလျဉ်းသင့်သလို အသိပေးတာတွေ လည်းလုပ်နေပါတယ်”ဟု ကျိုင်းတုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ မျိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံခရိုင်၊ အထူးဒေသ(၄) မိုင်းလားမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အတည်ပြုလိုက်ပြီးနောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာဌာနများပါဝင်သည့် အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 


အထူးဒေသ(၄)မိုင်းလားမြို့နယ်ရှိ ပုန်ဆန်ကျေးရွာအုပ်စု၊ ဝမ်နွဲ့ကျေးရွာတွင် သြဂုတ်လ (၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း ဝက်(၁၂)ကောင်သေဆုံးခဲ့သဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဓါတ်ခွဲစစ်ဆေးရာ အာဖရိကဝက်အပြင်းဖျားရောဂါဗိုင်းရပ်စ်ပိုးကို စစ်ဆေးတွေ့ရှိကြောင်း ထုတ်ပြန်ထားပြီးနောက် ယင်းကဲ့သို့ ကန့်သတ်ချက်ထွက်လာခြင်းဖြစ်သည်။

“တရုတ်မှာ အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပြီဆိုတာသိကတည်းက (၅)လပိုင်းကတည်းက စီခန့်ကရော၊ မွေးမြူရေးနဲ့ကုသရေးကရော ဝက်အဝင်အထွက်ကို လုံးဝပိတ်ထားပြီးသား။ ဝက်ကို ပြင်ပကနေ ဝင်တာတို့ ကျိုင်းတုံခရိုင်အတွင်းက အပြင်ကို သယ်ထုတ်တာတို့ ခွင့်မပြုဘူး။ အခုဆိုရင် ပိုဆိုးသွားပြီ။ တစ်ရွာနဲ့တစ်ရွာ ဝက်နဲ့ဝက်ထွက်ပစ္စည်းကို သယ်ယူပို့ဆောင်ရင်တောင် သက်ဆိုင်ရာ တိမွေးကုရဲ့ ကျန်းမာကြောင်း ထောက်ခံချက်ပါရမယ်။ သက်ဆိုင်ရာ စည်ပင်ရဲ့ တရားဝင် သားသတ်လိုင်စင်ရှိမှ ဒါတွေကို သယ်ယူခွင့်၊ သယ်ဆောင်ခွင့်ပေးတော့မယ်”ဟု စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါရောဂါသည် အိမ်မွေးဝက်၊ တောဝက်များတွင် သေဆုံးမှုနှုန်းမြင့်သည့်ရောဂါဖြစ်ပြီး ကာကွယ်ဆေး၊ ကုသဆေးမရှိသဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ရောဂါဖြစ်ပွားသည့်ခြံမှ ဝက်များအား သုတ်သင်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ရောဂါဖြစ်ဒေသမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ်တားဆီးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း သိရသည်။
ဒေသတွင်းဝက်များတွင် အာဖရိကဝက်အပြင်းဖျားရောဂါပိုး ကူးစက်ခံရခြင်းမရှိစေရန်အတွက် ကျိုင်းတုံမြို့ဝင်၊ မြို့အထွက်များတွင် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်း၊ သားသတ်ရုံများ၊ စည်ပင်သာယာစျေးအတွင်းရှိ အသားဆိုင်များတွင် ပိုးသတ်ဆေးဖြန်းခြင်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆောင်ရွက်နေသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net