ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကျိုင်းတုံမြို့သို့ လာရောက်သူတိုင်း Quarantine နေရမည်

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကျိုင်းတုံမြို့သို့ လာရောက်သူတိုင်း Quarantine နေရမည်
သြဂုတ် 20, 2020
By Tachileik News Agency
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကျိုင်းတုံမြို့သို့ လာရောက်သူတိုင်း  Quarantine နေရမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စစ်တွေမြို့မှ လာရောက်သူတိုင်းကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့ကစ၍ Quarantine ထားရှိမည်ဖြစ်ကြောင်း သိရသည်။
“အခုက စစ်တွေ - ကျိုင်းတုံ လေကြောင်းလိုင်းရှိတယ်ဆိုတော့ စစ်တွေက လာတဲ့သူတိုင်းကို လေဆိပ်ကနေ Quarantine ထားတဲ့နေရာမှာ တစ်ခါထဲ ပို့မယ်။ ကျွန်တော်တို့ကတော့ အားလုံးကို Quarantine ထားသွားမှာပါ”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ကြား လေကြောင်းခရီးစဉ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှု အတည်ပြုလူနာ  စတင်တွေ့ရှိသည့် သြဂုတ်လ (၁၆)ရက်နေ့က စစ်တွေမှ ကျိုင်းတုံသို့  ခရီးသည် (၄၀)ကျော် လိုက်ပါလာခဲ့ကြခြင်းဖြစ်သည်။
COVID 19 ပြည်တွင်းကူးစက်မှုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သြဂုတ်လ (၁၆)ရက်နေ့က စတင်တွေ့ရပြီးနောက် သြဂုတ်လ (၂၀)ရက်နေ့ ညပိုင်းတွင် စစ်တွေ၌ ပြည်တွင်းကူးစက်မှု လူနာ (၉) ဦးအထိတိုးလာခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်လည်း စစ်တွေမြို့နယ်မှ လာရောက်သူအားလုံးကို Quarantine ထားရှိမည်ဖြစ်ကြောင်း ကြေညာထားပြီး စစ်တွေမြို့နယ်အား သြဂုတ်လ (၂၀)ရက်နေ့ ည (၈) နာရီမှစ၍ Stay at Home အမိန့်ကြေညာထားပြီးဖြစ်သည်။
COVID 19 ကူးစက်မှုအများအပြားဖြစ်နိုင်သည့် ဒုတိယလှိုင်း မဖြစ်စေရန် လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သွားလာခြင်း၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောခြင်းများကို လုပ်ဆောင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~