မိုင်းပျဉ်းမြို့နယ်အတွင်း Covid-19 အတည်ပြုလူနာတစ်ဦး ထပ်တိုး

မိုင်းပျဉ်းမြို့နယ်အတွင်း Covid-19 အတည်ပြုလူနာတစ်ဦး ထပ်တိုး
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
မိုင်းပျဉ်းမြို့နယ်အတွင်း Covid-19 အတည်ပြုလူနာတစ်ဦး ထပ်တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းသို့ ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသူ (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့၌ ဓာတ်ခွဲအဖြေရသဖြင့် ၎င်းနှင့်အတူ ကားစီးနင်းလာသူများအား အသွားအလာကန့်သတ်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်သည်။
မိုင်းပျဉ်းမြို့နယ်တွင် အတည်ပြုလူနာ (၁)ဦး ထပ်တိုးလာသဖြင့် မြို့နယ်အတွင်း အတည်ပြုလူနာစုစုပေါင်း (၃)ဦးရှိလာပြီဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့ပေါင်း (၆) မြို့မှ COVID 19 ဓာတ်ခွဲနမူနာ (၄၀၀)ကျော်၏ ဓာတ်ခွဲအဖြေများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့ ညပိုင်း၌ သိရှိရမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှာ COVID 19 ဓာတ်ခွဲနမူနာများကို တောင်ကြီးရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ထားသည့် ကျိုင်းတုံမြို့မှ (၇၀)ခု၊ တာချီလိတ်မြို့မှ (၂၈၆)ခု၊ မိုင်းပျဉ်းမြို့မှ (၃) ခု၊ မိုင်းဖန်းမြို့မှ (၃၂) ခု၊ မက်မန်းမြို့မှ (၅) ခုနှင့် မိုင်းဖြတ်မှ (၂၅)ခုတို့မှ အတည်ပြုလူနာ (၈)ဦး တွေ့ရခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းတုံနှင့် မိုင်းယောင်းတို့၌ ဒီဇင်ဘာလ (၈)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၈၇)ဦး ကုသဆောင်အသီးသီး၌ ရှိနေခြင်းဖြစ်ပြီး ထိတွေ့သူများနှင့် အသွားအလာကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့စစ်ထားခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~