ထိုင်းဘက်က တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၂)ဦးတွင် အကျဉ်းထောင်အတွင်းက နေမကောင်းသူ (၁၁)ဦး ပါလာ၍ COVID-19 စောင့်ကြည့် သံသယလူနာအဖြစ် သတ်မှတ်ထားပြီး ကျန်(၈၁)ဦးကို (၁၄)ရက် စောင့်ကြည့်မည်

ထိုင်းဘက်က တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၂)ဦးတွင် အကျဉ်းထောင်အတွင်းက နေမကောင်းသူ (၁၁)ဦး ပါလာ၍ COVID-19 စောင့်ကြည့် သံသယလူနာအဖြစ် သတ်မှတ်ထားပြီး ကျန်(၈၁)ဦးကို (၁၄)ရက် စောင့်ကြည့်မည်
မတ် 23, 2020
By Tachileik News Agency

ထိုင်းဘက်က တာချီလိတ်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၂)ဦးတွင် အကျဉ်းထောင်အတွင်းက နေမကောင်းသူ (၁၁)ဦး ပါလာ၍ COVID-19 စောင့်ကြည့် သံသယလူနာအဖြစ် သတ်မှတ်ထားပြီး ကျန်(၈၁)ဦးကို (၁၄)ရက် စောင့်ကြည့်မည်

ထိုင်းနိုင်ငံဘက်က  မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်စေ့  မြန်မာနိုင်ငံသား (၉၂)ဉီးတွင် အကျဉ်းထောင်အတွင်းက နေမကောင်းသူ (၁၁)ဦး ပါဝင်လာသည်ကို စစ်ဆေးတွေ့ရှိရသည့် အတွက် တာချီလိတ်တွင် စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်လိုက်ပြီး ကျန်(၈၁)ဉီးကိုလည်း (၁၄)ရက်စောင့်ကြည့် စောင့်ရှောက်မှုပေးရန်အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက စီစဉ်နေကြောင်း သိရသည်။

"အခု လာတဲ့သူတွေထဲမှာ ဒီ(၁၁)ယောက်က ကိုယ်အပူချိန်အရဆိုရင် အနည်းငယ်များနေတာပေါ့နော်၊ (၃၈)ဒီဂရီ ပတ်လည်ရှိတယ်၊ လာခဲ့တဲ့သူတွေကလည်း ဘန်ကောက်ပတ်လည်ကနေ လာခဲ့တာဆိုတော့ ကျွန်တော်တို့ သံသယ စာရင်းဝင်တာပေါ့၊ နောက်တစ်ဆင့်အနေနဲ့ သူတို့ကိုယ်တိုင်လည်း ဖျားနေတယ်၊ ချောင်းဆိုးနေတာတွေ၊ လည်ချောင်းနာနေတာတွေ ရှိပါတယ်၊ သူတို့ကို သီးသန့်လူနာအဖြစ် ခွဲထားပြီးတော့ ဓါတ်ခွဲနမူနာတွေကို ယူပြီးတော့ ဓါတ်ခွဲခန်းကို ပို့ပြီး စစ်ပါမယ်"ဟု COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့မှ ဒေါက်တာ ဂျန်ယံဆက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်က တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားသို့ ၂၀၂၀ခုနှစ် မတ်လ (၂၃)ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား(၉၂)ဦးကို တာချီလိတ်ဘက်က ကျန်းမာရေး အပါအဝင် သက်ဆိုင်ရာများက စိစစ်လက်ခံရာတွင် စောင့်ကြည့်သံသယဖြစ်ဖွယ် (၁၁)ဦး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

"အဲ့ဒီအထဲက ကိုယ်အပူချိန်မြင့်တဲ့ (၁၁)ယောက်ကိုတော့ ဆေးရုံမှာ သီးခြားခွဲထားမှာပါ။ ကျန်တဲ့လူတွေကိုတော့ ရိပ်သာတစ်ခုမှာ (၁၄)ရက် သီးခြားခွဲထားပြီး ကျန်းမာရေးစောင့်ကြည့်မှုနှင့်အတူ ထားရှိမှာပါ"ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၉၂)ဉီးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊   ကျန်းမာရေး၊ အလုပ်သမားဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်တား ရဲတပ်ဖွဲ့၊ CNCMC တို့ ပါဝင်သည့် မြိုနယ်အဆင့်​​​  ပြည်ပရောက်မြန်မာရွှေပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့်ပြန်လည်ပို့ဆောင်ရေးကော်မတီ နှင့် COVID-19 အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ စိစစ်လက်ခံရာတွင် ကိုယ်အပူချိန်မြင့်သူကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် (၉၂)ဦးတွင် ကိုယ်အပူချိန်မြှင့်နေသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ကျန်းမာရေးက တံတား(၂)တွင် စစ်ဆေးမှုများကို ဆောင်ရွက်ချိန်တွင် မြန်မာနိုင်ငံသား (၉၂)ဦးအတွက် ထမင်းဗူး(၁၀၀)နှင့်ရေသန့်များအား တာချီလိတ်ရှိ 1G1 7Hotel နှင့် 1G1 8Hotel မိသားစုက လာရောက်ပေးဝေလှူဒါန်းပေးကြောင်း သိရသည်။

လက်ရှိတွင် သံသယလူနာ(၁၁)ဦးအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး (၁၄)ရက်စောင့်ကြည့်ပေးမည့် (၈၁)ဦးကိုလည်း တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ကိုဇောင်း
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~