ထိုင်း နှင့် အိန္ဒိယနိုင်ငံတို့မှ ပြန်လာသည့် (၃)ဦးတွင် Covid-19 ပိုးတွေ့

ထိုင်း နှင့် အိန္ဒိယနိုင်ငံတို့မှ ပြန်လာသည့် (၃)ဦးတွင် Covid-19 ပိုးတွေ့
ဇူလိုင် 24, 2020
By Tachileik News Agency
ထိုင်း နှင့် အိန္ဒိယနိုင်ငံတို့မှ ပြန်လာသည့် (၃)ဦးတွင် Covid-19 ပိုးတွေ့

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားသူ (၂)ဦးနှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်၌ အသွားအလာကန့်သတ်ထားသူ (၁)ဦးတို့တွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့ ည (၈)နာရီအထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃၄၆)ဦး ရှိလာပြီဖြစ်သည်။

တွန်းဇံမြို့နယ်၌ အသွားအလာကန့်သတ်ထားသည့် အမျိုးသား (၂)ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာသူများဖြစ်ပြီး မြဝတီမြို့နယ်၌ အသွားအလာကန့်သတ်ထားသည့် အမျိုးသမီးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ကုသမှုခံယူပြီး ပြန်လည်သက်သာသွားသူ (၂၆၉)ဦးရှိနေပြီဖြစ်ပြီး သေဆုံးသူ (၆)ဦးရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတဝန်းတွင် ဇူလိုင်လ (၂၄)ရက်နေ့အထိ COVID 19 ကူးစက်ခံထားရသူ (၁၅၅၃၇၅၁၃)ရှိသည့်အနက် အိန္ဒိယနိုင်ငံမှာ အတည်ပြုလူနာပေါင်း (၁၂၈၈၁၀၈)ဦးဖြင့် ကူးစက်ပျံ့နှံ့မှု တတိယအမြင့်ဆုံးနိုင်ငံဖြစ်နေပြီး ထိုင်းနိုင်ငံမှာ အတည်ပြုလူနာပေါင်း (၃၂၇၉)ဦးဖြင့် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် WHO က အသိအမှတ်ပြုခံထားရသည့် နိုင်ငံဖြစ်သော်လည်း ကူးစက်ခံရသူများ ရှိနေဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~