တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး အနံ့ပျောက်နေ၍ လာရောက်စစ်ဆေးရာမှ Covid-19 ပိုးတွေ့

တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး အနံ့ပျောက်နေ၍ လာရောက်စစ်ဆေးရာမှ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး အနံ့ပျောက်နေ၍ လာရောက်စစ်ဆေးရာမှ Covid-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေးရုံဟောင်းဝင်းအတွင်းရှိ Fever Clinic သို့  ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ နေ့လယ် (၂) နာရီကျော်တွင် အမျိုးသမီးတစ်ဦး အနံပျောက်သဖြင့် လာရောက်စစ်ဆေးမှုခံယူရာ COVID-19 ပိုးတွေ့ရကြောင်း သိရသည်။
အဆိုပါ အသက် (၂၅)နှစ်အရွယ် အမျိုးသမီးမှာ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကောင်းမွန်းကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။ 
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၈) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၈၂) ဦးတွေ့ရှိခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရသူ (၁၂) ဦးရှိသွားသဖြင့် ကျန် (၇၀) ဦးကို တာချီလိတ်မြို့ဆေးရုံဟောင်းနှင့် မိုးကုတ်ဝိပဿနာရိပ်သာတို့တွင် ကုသဆောင်များ၌ ထားရှိခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~