ရခိုင်ပြည်နယ်တစ်ခုလုံးကို Stay at Home ကြေညာ

ရခိုင်ပြည်နယ်တစ်ခုလုံးကို Stay at Home ကြေညာ
သြဂုတ် 26, 2020
By 🌸


ရခိုင်ပြည်နယ်တစ်ခုလုံးကို Stay at Home ကြေညာ
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အားလုံးတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ နံနက် (၈)နာရီမှစ၍ Stay at Home အမိန့် သက်ဝင်မည်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် COVID 19 ပြည်တွင်းကူးစက်မှုများ စတင်တွေ့ရသည့် စစ်တွေမြို့နယ်ကို သြဂုတ်လ (၂၀)ရက်နေ့တွင်လည်းကောင်း၊ ပြည်တွင်းကူးစက်မှုများ ထပ်မံတွေ့ရသည့်  ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များကို  သြဂုတ်လ (၂၆) ရက်နေ့တွင်လည်းကောင်း အသီးသီး Stay at Home ကြေညာထားခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သြဂုတ်လ (၂၅)ရက်နေ့ညပိုင်းမှ သြဂုတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းအထိ အတည်ပြုလူနာ (၁၀၀) ထပ်တိုးပြီးနောက် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးကို Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လာခြင်းဖြစ်သည်။
မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) ကြေညာထားသည့် ကာလအတွင်း အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမှ အပ မိမိနေအိမ်တွင်သာ နေထိုင်ရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရပါက တစ်အိမ်လျှင် တစ်ဦးသာထွက်ရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်ပြင်ပသွားတိုင်း Mask တပ်ရန်၊ တာဝန်ထမ်းဆောင်ရန်သွားသူများကို ကြိုပို့ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသည့် ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊ ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရန် ယာဉ်မောင်း အပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာသွားရောက်ရန် စသည့်အချက်များကို လိုက်နာကြရမည်ဖြစ်သည်။
အရေးပေါ်ကိစ္စများရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့်သာ ခွင့်ပြုမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအတွင်း ဝင်/ထွက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
အမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာထားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့က စတင်တွေ့ရှိသည့် Covid-19 ပြည်တွင်းကူးစက်မှု အတည်ပြုလူနာမှာ ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့က စ၍ ဩဂုတ်လ(၂၅)ရက်နေ့ ည(၈)နာရီအထိ လူဦးရေ (၁၀၀)ကျော်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~