တာချီလိတ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ကလေးစာပေပွဲတော်သို့ လာရောက်မည့် ကလေးများအား ပေးဝေနိုင်ရန် အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ကျပ်(၃၂)သိန်းကျော် တန်ဖိုးရှိ ဗလာစာအုပ်အထူးထုတ် ဒါဇင်(၁၀၄၀)လှူဒါန်း

တာချီလိတ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ကလေးစာပေပွဲတော်သို့ လာရောက်မည့် ကလေးများအား ပေးဝေနိုင်ရန် အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ကျပ်(၃၂)သိန်းကျော် တန်ဖိုးရှိ ဗလာစာအုပ်အထူးထုတ် ဒါဇင်(၁၀၄၀)လှူဒါန်း
ဇှနျ 17, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်ကျင်းပမည့် ကလေးစာပေပွဲတော်သို့ လာရောက်မည့် ကျောင်းသား ကျောင်းသူများအား ပေးဝေလှူဒါန်းနိုင်ရန်အတွက် အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ကျပ်(၃,၂၃၆,၀၀၀)တန်ဖိုးရှိ ဗလာစာအုပ်အထူးထုတ် (၁,၀၄၀)ဒါဇင်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ နံနက်က တာချီလိတ်မြို့ ကလေးစာပေပွဲတော်ကျင်းပရေးကော်မတီသို့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။


တာချီလိတ်တွင် ကလေးစာပေပွဲတော်အား အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသားကျောင်းသူ  တစ်ရက်ကို (၃၀၀၀)ကျော် လာရောက်မည်ဟု ခန့်မှန်းထားပြီး လာရောက်သည့် ကျောင်းသား ကျောင်းသူများအား ပေးဝေနိုင်ရန်အတွက် အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဗလာစာအုပ်များကို ထုတ်လုပ်ကို ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကလေးများအတွက် စားစရာများ ပေဝေလှူဒါန်းနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

တာချီလိတ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ်နေခြင်း ဖြစ်ပြီး ကလေးစာပေပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်၊ အရုပ်ခေါက်နှင့် အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်စီးတိုးပြိုင်ပွဲများလည်းထည့်သွင်းထားပြီး အသက် ၁၂ နှစ်အောက် ဘောလုံး(၁၃)သင်း၊ ပိုက်ကျော်ခြင်း(၁၀)သင်း၊ ထုပ်ဆီးတိုး (၉)သင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်ကျင်းပမည့် ကလေးစာပေပွဲတော်သို့ လာရောက်မည့် ကျောင်းသား ကျောင်းသူများအား ပေးေဝလှူဒါန်းနို်င်ရန်အတွက် အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ကျပ်(၃,၂၃၆,ဝဝဝ)တန်ဖိုးရှိ ဗလာစာအုပ်အထူးထုတ် (၁,ဝ၄၀)ဒါဇင်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ နံနက်က တာချီလိတ်မြို့ ကလေးစာပေပွဲတော်ကျင်းပရေးကော်မတီသို့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများက ပေးအပ်လှူဒါန်းသည့် ဗလာစာအုပ်များအား တာချီလိတ်မြို့ ကလေးစာပေပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက လက်ခံပေးခဲ့ကြသည်။

တာချီလိတ်တွင် ကလေးစာပေပွဲတော်အား အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့ပေါ်နှင့် ကျေးရွာများမှ ကျောင်းသားကျောင်းသူ တစ်ရက်ကို (၃၀၀၀)ကျော် လာရောက်မည်ဟု ခန့်မှန်းထားပြီး လာရောက်သည့် ကျောင်းသား ကျောင်းသူများအား ပေးေဝနိုင်ရန်အတွက် အထက(တာချီလိတ်)ကျောင်းသား ကျောင်းသူဟောင်းများ၏ စုပေါင်းလှူဒါန်းငွဖြေင့် ဗလာစာအုပ်များကို ထုတ်လုပ်ကို ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကလေးများအတွက် စားစရာများ ပေဝလှူဒါန်းနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

တာချီလိတ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ်နခြေင်း ဖြစ်ပြီး ကလေးစာပေပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်၊ အရုပ်ခေါက်နှင့် အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်စီးတိုးပြိုင်ပွဲများလည်းထည့်သွင်းထားပြီး အသက် ၁၂ နှစ်အောက် ဘောလုံး(၁၃)သင်း၊ ပိုက်ကျော်ခြင်း(၁၀)သင်း၊ ထုပ်ဆီးတိုး (၉)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net