ကျိုင်းတုံမြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအနက် (၇၁)ဦးကို ကျပ်(၅၀၀၀၀)စီ ထောက်ပံ့ပေးထား

ကျိုင်းတုံမြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအနက် (၇၁)ဦးကို ကျပ်(၅၀၀၀၀)စီ ထောက်ပံ့ပေးထား
မတ် 2, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်စနစ်ကို မလိုလား၍ CDM လုပ်ဆောင်နေ ဝန်ထမ်း (၁၆၀)ကျော်ရှိနေရာတွင် CDM Supporting Team Keng Tung အဖွဲ့က လတ်တလော၌ (၇၁)ဦးကို ကျပ်(၅၀,၀၀၀)စီ မတ်လ(၂)ရက်နေ့အထိ ထောက်ပံ့ပေးထားကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်  ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး နှင့် မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ဌာန(၁၀)ခုမှ CDM လုပ်ဆောင်နေသည့် ဝန်ထမ်း(၁၆၀)ဦးတွင် လတ်တလော အခက်အခဲဖြစ်နေသည်ဟု ယူဆရသူ (၇၁)ဦးကို ကျပ်(၅၀,၀၀၀)စီ ထောက်ပံ့ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ တစ်ယောက်ကို (၅၀,၀၀၀)ကျပ်စီ ထောက်ပံ့ပေးထားတာက အခုမှ (၇၁)ဦးပဲ ရှိသေးတယ်။ တစ်ချို့ကတော့ မယူဘူး၊ ပိုလိုအပ်တဲ့သူကို ဦးစားပေးဖို့ပြောထားတယ်။ ပထမအကြိမ် ထောက်ပံ့ပေးတာကို (၁၆၀)လုံး မရသေးဘူး။ (၇၁)ဦးကိုပဲ ပေးရသေးတယ်"ဟု CDM Supporting Team Keng Tung အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

CDM Supporting Team Keng Tung အဖွဲ့သည် ကျိုင်းတုံမြို့နယ်အတွင်းမှ CDM ဝန်ထမ်းများထဲက အခက်အခဲဖြစ်နေသူကို ထောက်ပံ့လှူဒါန်းပေးနေခြင်းဖြစ်ပြီး ဆက်လက်၍လည်း ကျိုင်းတုံမြို့နယ်အတွင်းမှ အခက်အခဲဖြစ်ပေါ်သည့် CDM ဝန်ထမ်းများအနေဖြင့် 09752923662 သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွက် တစ်ထောင့်တစ်နေရာက ပါဝင်လိုသူများအနေဖြင့်လည်း CDM ဝန်ထမ်းများကို ထောက်ပံ့ပေးနိုင်ရန် လှူဒါန်းလိုပါက ဖုန်း 09752923662 သို့ ဆက်သွယ်နိုင်သလို အလှူငွေများကို Wave pay နှင့်  KBZ Pay တို့မှ လှူဒါန်းလိုပါက 09752923662  သို့သာ လှူဒါန်းနိုင်ကြောင်း အသိပေးထားရှိသည်။



Tachileik News Agency