တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး တံတား(၁)အား မတ်လ(၂၀)ရက်နေ့တွင် ပိတ်မည်ဆိုသည်မှာ ကောလဟာလသာဖြစ်

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး တံတား(၁)အား မတ်လ(၂၀)ရက်နေ့တွင် ပိတ်မည်ဆိုသည်မှာ ကောလဟာလသာဖြစ်
မတ် 20, 2020
By Tachileik News Agency

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး တံတား(၁)အား မတ်လ(၂၀)ရက်နေ့တွင် ပိတ်မည်ဆိုသည်မှာ ကောလဟာလသာဖြစ်

ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအား မတ်လ(၂၀)ရက်နေ့တွင် ပိတ်မည်ဆိုသည့် ကောလဟာလမှာ အမှားသာ ဖြစ်ပြီး မတ်လ(၂၀)ရက်နေ့တွင် တံတားပေါ် ပုံမှန်အတိုင်း သွားလာနေလျက်ရှိသည်ကို တွေ့ရသည်။၊

နယ်စပ် ဝင်ပေါက် ထွက်ပေါက်ဖြစ်သည့် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)အား ပိတ်မည်ဆိုပါက နှစ်နိုင်ငံ အစိုးရအချင်းချင်း ညှိနှိုင်း အကြောင်းကြားခြင်းများကို လုပ်ဆောင်မည်ဖြစ်ပြီး ယနေ့အချိန်အထိ တံတားပိတ်မည့် ကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားထားခြင်း မရှိသေးကြောင်းနှင့် မဖြစ်မနေ တံတားပိတ်မည်ဆိုပါကလည်း သက်ဆိုင်ရာများက ကြိုတင်အသိပေးကာ သတင်းမီဒီယာများမှ တဆင့် အသိပေးသွားမည်ဖြစ်သည့်အတွက် ကောလဟာလများကို မယုံကြည်ကြရန် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက အသိပေးထားရှိသည်။

အဆိုပါ တံတားပေါ်တွင် တရုတ်နိုင်ငံသား ဝင်ထွက်သွားလာမှုကိုတော့ မတ်လ(၁၉)ရက်နေ့က စ၍ ပိတ်ထားလိုက်ပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် တာချီလိတ် နှင့် မယ်ဆိုင် ဝင်ထွက်ပေါက်တွင် ကျန်းမာရေးက စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~