တာချီလိတ်တွင် ညနေ(၄)နာရီမှ ညပိုင်းအထိ ညဈေးများ အားလုံး ရောင်းချခြင်း မပြုလုပ်ရန် မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထား

တာချီလိတ်တွင် ညနေ(၄)နာရီမှ ညပိုင်းအထိ ညဈေးများ အားလုံး ရောင်းချခြင်း မပြုလုပ်ရန် မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထား
မေ 5, 2020
By Tachileik News Agency

တာချီလိတ်တွင် ညနေ(၄)နာရီမှ ညပိုင်းအထိ  ညဈေးများ အားလုံး ရောင်းချခြင်း မပြုလုပ်ရန် မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထား 

ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရှားနိုင်ရန်  နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း ညဈေးအပါအဝင် လမ်းဘေးတစ်လျှောက် ညဈေးရောင်းချနေသည့် ဆိုင်တန်းများ အနေဖြင့် ညနေ(၄)နာရီနောက်ပိုင်းက စ၍ ညပိုင်းရောင်းချခြင်း မပြုလုပ်ရန် သတ်မှတ်ထားကြောင််း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ဧပြီလ(၂၉)ရက်နေ့ကတည်းက ထပ်တိုး အသိပေးထားရှိကြောင်း သိရသည်။
လက်ရှိကာလ အခြေအနေအရ ညဈေးများရောင်းချခြင်း တားမြစ်ချက်ကို တာချီလိတ်မြို့ တစ်မြို့တည်း မဟုတ်ဘဲ ရှမ်းပြည်နယ်တစ်ခုလုံးတွင် ၂၀၂၀ခုနှစ် မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း နှင့် ပြည်ထောင်စုအစိုးရမှ တစ်နိုင်ငံလုံး အတိုင်းအတာအရ တားမြစ်ရက်ကို မေလ(၁၅)ရက်နေ့အထိ သတ်မှတ် ထားခြင်းဖြစ်ပြီး ရက်ထပ်တိုးပါကလည်း အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုတားမြစ်ချက်သည် လမ်းမြေနှင့် ပလက်ဖောင်းများပေါ်တွင် ခင်းကျင်း၍ ရောင်းချသည့် ဆိုင်များ၊ ကား/သုံးဘီး နှင့် လှည်းများဖြင့် ရောင်းချသည့် ဈေးသည်များကို ဆိုလိုခြင်း ဖြစ်ကြောင်း သိရသည်။
နံနက်ပိုင်းက စ၍ လမ်းမကြီးတစ်လျှောက် ရောင်းချနေသည့် ဈေးသည်များအနေဖြင့်လည်း ညနေ(၄)နာရီတွင် စတင် သိမ်းဆည်းရမိဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ နှင့် အအေးဆိုင်များအနေဖြင့် covid-19 ရောဂါအခြေအနေကြောင့် ဆိုင်ထိုင်စားခွင့်မပြုထားဘဲ ပါဆယ်ဖြင့်သာ ရောင်းချခွင့်ပြုထားပြီး ညပိုင်း (၇)နာရီမှ (၈)နာရီအထိ ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် Covid19 ရောဂါကြောင့် စည်ပင်သာယာရေးဌာနမှ ညဈေးများ ရောင်းချခြင်း မပြုလုပ်ရန် မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ည(၁၀)နာရီမှ စ၍ နံနက်(၄)နာရီအထိ ညမထွက်ရ အမိန့်ကို ၂၀၂၀ခုနှစ် ဇွန်လ(၂၂)ရက်နေ့အထိ ထုတ်ပြန်ထားရှိသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~