တာချီလိတ်တွင် Quarantine ဝင်မည့် ပြည်တော်ပြန်များ တစ်နေ့တာ စားစရိတ်အတွက် စရိတ်မျှခံရမည်

တာချီလိတ်တွင် Quarantine ဝင်မည့် ပြည်တော်ပြန်များ တစ်နေ့တာ စားစရိတ်အတွက် စရိတ်မျှခံရမည်
ဇွန် 16, 2020
By Tachileik News Agency

တာချီလိတ်တွင် Quarantine  ဝင်မည့် ပြည်တော်ပြန်များ တစ်နေ့တာ စားစရိတ်အတွက်  စရိတ်မျှခံရမည်

နယ်စပ်ဒေသမြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ  ပြည်တော်ပြန်များကို COVID 19 ဓာတ်ခွဲနမူနာစစ်ဆေးရန် အသွားအလာကန့်သတ်ထားစဉ်ကာလအတွင်း အစားအသောက်ကျွေးမွေးရေးအစီအစဉ်ကို ဒေသခံအလှူရှင်များ အကူအညီဖြင့် ဆောင်ရွက်နေရာကနေ  ပြည်တော်ပြန်များ စရိတ်မျှခံတဲ့စနစ်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ကစပြီး ပြောင်းလဲကျင့်သုံးတော့မှာဖြစ်ပါတယ်

ထိုင်းနှင့်လာအိုနယ်စပ်ကနေ ပြန်ဝင်လာသူများကို လက်ခံပေးနေတဲ့ တာချီလိတ်မြို့မှာ  ပြည်တော်ပြန်ကို Quarantine ထားစဉ် ကျွေးမွေးရန်အတွက် လိုအပ်တဲ့ ဆန်ဆီဆားကြက်သွန်ပဲတို့ကို မြို့မိမြို့ဖက ပံ့ပိုးပေးမှာဖြစ်ပြီး   ဟင်းအတွက် တစ်နေ့  (၃)နပ်စာ ဘတ် (၅၀)နှုန်းဖြင့် Quarantine ဝင်သူများက စရိတ်မျှကာ ကျခံကြရမှာ ဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်း ပြည်တော်ပြန်အများအပြားကို လက်ခံနေတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးရှိ Quarantine စင်တာများမှာလည်း quarantine ဝင်သူများက စရိတ်မျှပေးတဲ့ စနစ်ကို ကျင့်သုံးနေကြပြီဖြစ်ပြီး တာချီလိတ်မှာလည်း ယခုစတင်ကျင့်သုံးလာခြင်းဖြစ်ပါတယ်

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~