မဲရုံ (၆၈)ရုံ ဖွင့်ရန် လျာထားသည့် မိုင်းယောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ဆက်လက်၍ တစ်အိမ်တက်ဆင်း စာရင်းကောက်နေ

မဲရုံ (၆၈)ရုံ ဖွင့်ရန် လျာထားသည့် မိုင်းယောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ဆက်လက်၍ တစ်အိမ်တက်ဆင်း စာရင်းကောက်နေ
သြဂုတ် 24, 2020
By Tachileik News Agency
မဲရုံ (၆၈)ရုံ ဖွင့်ရန် လျာထားသည့် မိုင်းယောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် ဆက်လက်၍ တစ်အိမ်တက်ဆင်း စာရင်းကောက်နေ
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း(၆၈)ရုံ ဖွင့်လှစ်ရန် လျာထားသည့်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့မှ မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများသို့ ဩဂုတ်လ (၂၄)ရက်နေ့အထိ  ဆက်လက်ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာအဖွဲ့များက အဖွဲ့(၈)ဖွဲ့ နှင့် အဖွဲ့ငယ်များခွဲကာ မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများအထိ တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူမှုများ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲရုံပေါင်း (၆၈)ရုံ ဖွင့်လှစ်နိုင်ရန်အတွက် လျာထားလျက်ရှိပြီး မြို့နယ်အတွင်း၌ နိုင်ငံရေးပါတီ (၇)ခုမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြည်သူ့လွှတ်တော်နေရာအတွက် (၆)ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)အတွက် (၇)ဦး နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) အတွက် (၆)ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း (၁၉)ဦးမှ စာရင်းပေးသွင်းထားရှိကြောင်း သိရသည်။

အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူမှာ လက်ရှိတွင် စုစုပေါင်း ( ၂၆,၅၈၆ )ဦးအထိ ရှိနေပြီး ဆက်လက်၍ တစ်အိမ်တက်ဆင်း စာရင်းကောက်ခံရယူနေဆဲဖြစ်သည့်အတွက် တိုးလာနိုင်ချေရှိကြောင်းလည်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - စိုင်းအောင်ဇော်လင်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~