တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှု ဖြစ်ပွါး

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဆိုင်ကယ်ဖြင့် လိုက်လံလုယက်မှု ဖြစ်ပွါး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၂၃ ခုနှစ် မတ်လ (၁)ရက်နေ့ ညပိုင်းက ဆိုင်ကယ်မောင်းနေစဉ် ဘေးချင်းကပ်၍ ပိုက်ဆံအိတ် လိုက်လံလုယူမှု ဖြစ်ပွါးကြောင်း သိရသည်။

“ဆိုင်ကယ်စီးလာတဲ့ ကောင်လေးနှစ်ယောက်က ဘေးမှာကပ်လာပြီး ပခုံးလွယ်ထားတဲ့ အိတ်ကို လုသွားတာ။ ပိုက်ဆံနဲ့ဖုန်း ပါသွားတယ်။ အလုပ်ကအပြန် လုခံရတာ။ ဆိုင်ကယ်မောင်းတဲ့သူတွေ သတိထားကြပါ။”ဟု လုယက်ခံလိုက်ရသည့် အမျိုးသမီး တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ ဘုရင့်နောင်စျေး နှင့် မြသဟာပုဂ္ဂလိက ဆေးရုံအနီးတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခြင်းဖြစ်ပြီး လုယက်သူများမှာ PCX အမျိုးအစား ဆိုင်ကယ်ကို စီးလာသည့် လူငယ်(၂)ဦးဖြစ်ကြောင်း သိရသည်။ 

နယ်စပ်မြို့ တာချီလိတ်တွင် အာဏာသိမ်းကာလအတွင်း လုယက်မှုများ ယခင်ထက်ပိုများလာပြီး အာဏာသိမ်းစစ်အုပ်စု၏ ရဲတပ်ဖွဲ့ အနေဖြင့် ခိုးမှု၊ လုယက်မှုများအား ဖမ်းမိလေ့ မရှိသည်ကို တွေ့ရသည်။