တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)အောက်တွင် နှစ်စဉ် ရေလျှံနေ၍ ကွန်ကရစ်ဖြင့် ဖုံးနေသည့် တာလော့ဈေး မိလ္လာကျင်းကို ပိတ်ပစ်တော့မည်

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)အောက်တွင် နှစ်စဉ် ရေလျှံနေ၍ ကွန်ကရစ်ဖြင့် ဖုံးနေသည့် တာလော့ဈေး မိလ္လာကျင်းကို ပိတ်ပစ်တော့မည်
မတ် 11, 2020
By Tachileik News Agency
တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)အောက်တွင် နှစ်စဉ် ရေလျှံနေ၍ ကွန်ကရစ်ဖြင့် ဖုံးနေသည့် တာလော့ဈေး မိလ္လာကျင်းကို ပိတ်ပစ်တော့မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအောက်ရှိ တာလော့ဈေးတွင် မကြာခဏ ရေလျှံနေသည့် မိလ္လာကျင်းကို ပိတ်ပစ်ရန်အတွက် မိလ္လာကန်သစ်တူးဖော်ခြင်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"မနက်ဖြန် မြေတူးခြင်းလုပ်ငန်းကို စမယ်။ ကျင်းဟောင်းကို ဒီတိုင်းထားမယ်။ ဘေးကပ်ရက်မှာလုပ်မယ်။ နှစ်ကြာလို့ ဂက်စ်တွေကုန်မှပဲ ကျင်းဟောင်းပြန်ဖော်မယ်။ လက်ရှိက အန္တရာယ်ရှိတဲ့အတွက် ဒီအတိုင်း ပိတ်လိုက်မှာပေါ့။ လုပ်ငန်းကို ညပိုင်းလုပ်ဖို့ စီစဉ်ထားတယ်။ နေ့ခင်းပိုင်းဆို ဈေးရောင်း၊ ဈေးဝယ်တွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့။ လုပ်ငန်းအခြေအနေ အခက်အခဲဖြစ်လာရင်၊ ရက်ရှည်ကြာလာရင် တစ်ရက်၊ နှစ်ရက်လောက် နေ့ပိုင်းလုပ်သင့်ရင်လုပ်မယ်လို့ ရည်ရွယ်ထားတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာမှူး ဦးကျော်မိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလော့ဈေးတွင် မိလ္လာကျင်းသစ်တူးဖော်နိုင်ရန်အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာမှူး ဦးကျော်မိုးခိုင်၊ လဝက ဒုဌာနခွဲမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်ထွဋ်ဦးတို့က ကွင်းဆင်းကြည့်ရှုကြပြီး တူးဖော်မည့်နေရာ၌ မလွတ်ကင်းသည့် ဈေးဆိုင်အမိုးများ ခေတ္တဖြုတ်သိမ်းပေးရန်နှင့် မြေတူးဖော်မည့် ဘက်ဟိုးယာဉ် အဝင်လမ်းကြောင်း ရှင်းလင်းပေးရန် ဈေးသူဈေးသားများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။ 

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအောက်ရှိ တာလော့ဈေးမှာ နိုင်ငံခြားသားများ လာရောက် လည်ပတ်လေ့ရှိသည့် ဈေးတစ်ခုဖြစ်ပြီး အဆိုပါဈေးရှိ မိလ္လာကန်မှ ရေလျှံမှုနှစ်စဉ်ဖြစ်ပွားနေ၍ ပြင်ဆင်ပေးရန် ဈေးသူဈေးသားများက နှစ်စဉ်တောင်းဆိုနေသော်လည်း ကွန်ကရစ်သာလောင်း၍ ဖုံးနေခဲ့ရာမှ ယခုနှစ်တွင် ကန်အဟောင်းကို ပိတ်၍ ကန်အသစ်တူးရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~