တာချီလိတ်မှ (၅)ဦး အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲစစ်ဆေးသူ (၃၁)ဦး၌ မိုင်းဖြတ်(၁)ဦးကလွဲ၍ ကျန် (၃၀)ဦးတွင် COVID-19 ပိုးမတွေ့ရ

တာချီလိတ်မှ (၅)ဦး အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲစစ်ဆေးသူ (၃၁)ဦး၌ မိုင်းဖြတ်(၁)ဦးကလွဲ၍ ကျန် (၃၀)ဦးတွင် COVID-19 ပိုးမတွေ့ရ
ဧပြီ 15, 2020
By Tachileik News Agency
တာချီလိတ်မှ (၅)ဦး အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲစစ်ဆေးသူ (၃၁)ဦး၌ မိုင်းဖြတ်(၁)ဦးကလွဲ၍ ကျန် (၃၀)ဦးတွင် COVID-19 ပိုးမတွေ့ရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဓါတ်ခွဲအဖြေပေးပို့စစ်ဆေးထားသော အတည်ပြုလူနာ ( Case 014) နှင့်ထိတွေ့ခဲ့သူ (၅)ဦး အပါအဝင် ဓါတ်ခွဲစစ်ဆေးသူ (၃၁)ဦးတွင် (၃၀)ဦးမှာ COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိသည်။

“စုစုပေါင်း ရှမ်းအရှေ့က ဓါတ်ခွဲအဖြေ (၃၁)ခုထဲမှာ မိုင်းဖြတ်က အတည်ပြုလူနာနဲ့ထိတွေ့ခဲ့သူ (၁)ဦးကလွဲရင် အကုန် Negative ဖြစ်တယ်။ အခု Case No. 64 (မိုင်းဖြတ်) အတည်ပြုလူနာနဲ့ ဆက်စပ်သူအားလုံးကို ကျွန်တော်တို့တွေ လွန်ခဲ့တဲ့ (၃) ရက်ထဲက ကြိုတင်ပြင်ဆင်ထားပါတယ်။ လေယာဉ်အတူစီးသူတွေ၊ တစ်ခြား closed contacts (အနီးကပ်ထိတွေ့သူ) တွေအားလုံးကို တတ်နိုင်သမျှ trace လုပ်ထားခဲ့ပြီး Quarantine လုပ်ထားပါတယ်။ အရမ်းမစိုးရိမ်ကြပါနဲ့။ အတူတကွပေါင်းပြီး အကောင်းဆုံး ရင်ဆိုင်ကြတာပေါ့”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၅)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ (၅)ဦး ကျိုင်းတုံမြို့မှ Quarantine ရက်ပြည့်ခါနီး (၁၃)ဦးနှင့် စောင့်ကြည့်လူနာ (၃) ဦး၊ မိုင်းပျဉ်းမြို့မှ Quarantine ရက်ပြည့်ခါနီး (၂) ဦး၊ မိုင်းဖြတ်မြို့မှ အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ (၁)ဦးနှင့် ၎င်းနှင့်အနီးကပ်ထိတွေ့သူ (၆)ဦး၊ မိုင်းဆတ်မြို့မှ စောင့်ကြည့်လူနာ (၁)ဦး စုစုပေါင်း ဓါတ်ခွဲနမူနာ (၃၁)ခု၏ ဓါတ်ခွဲအဖြေများကို ဧပြီလ (၁၅)ရက်နေ့တွင် ရရှိခြင်းဖြစ်သည်။ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဓါတ်ခွဲအဖြေပေးပို့စစ်ဆေးထားသော အတည်ပြုလူနာ ( Case 014) နှင့်ထိတွေ့ခဲ့သူ (၅)ဦးအပါအဝင် ဓါတ်ခွဲစစ်ဆေးသူ (၃၁)ဦးတွင် (၃၀)ဦးမှာ COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~