မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်များ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုနှင့် ပြည်နယ်ဘတ်ဂျက် ယခင်ဘဏ္ဍာနှစ်ထက် ကျပ်သန်းပေါင်း (၃၅၀၀)ကျော် ပိုမိုသုံးစွဲမည်

မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်များ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုနှင့် ပြည်နယ်ဘတ်ဂျက် ယခင်ဘဏ္ဍာနှစ်ထက် ကျပ်သန်းပေါင်း (၃၅၀၀)ကျော် ပိုမိုသုံးစွဲမည်
အောက်တိုဘာ 23, 2019
By 🌸
မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်များ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုနှင့် ပြည်နယ်ဘတ်ဂျက် ယခင်ဘဏ္ဍာနှစ်ထက် ကျပ်သန်းပေါင်း (၃၅၀၀)ကျော် ပိုမိုသုံးစွဲမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်း မြို့နယ်နှစ်ခု၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေများမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်(၁၅၃၈၇ ဒဿမ ၀၅၆) သန်းသုံးစွဲခဲ့ပြီး ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင် ငွေကျပ်(၁၈၉၂၇ ဒဿမ ၃၂၁)သန်း သုံးစွဲမည်ဖြစ်သည်။

မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့အတွင်း လမ်း၊ တံတား၊ မီးလင်းရေး၊ စိမ့်စမ်းရေသွယ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ်(၅၈၈၉ ဒဿမ ၄၃၁)သန်းနှင့် ပြည်နယ်ရန်ပုံငွေကျပ်(၉၄၉၇ ဒဿမ ၆၂၅) သန်း သုံးစွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စုရန်ပုံငွေ ကျပ်(၇၈၄၇ ဒဿမ ၄၅၈)သန်းနှင့် ပြည်နယ်ရန်ပုံငွေကျပ်(၁၁၀၇၉ ဒဿမ ၈၆၃)သန်း စုစုပေါင်းငွေကျပ်(၁၈၉၂၇ ဒဿမ ၃၂၁)သန်း သုံးစွဲမည်ဖြစ်သည်။

ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသန္တရစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် လာမည့်ဘဏ္ဍာနှစ်အတွက် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ အတွင်းရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး ဒေါ်မြမြစိုးတို့လည်း တက်ရောက်ကြပြီး ၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းများကို ဌာနအလိုက် ရှင်းလင်းကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်၊ ဦးစောမူးလာနှင့် ဦးဆန်းဝင်းအောင်တို့က ပြန်လည်အကြံပြုဆွေးနွေးသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မုိင္းဆတ္ႏွင့္ မုိင္းတံုၿမိဳ႕နယ္မ်ား ဖြံ႕ၿဖိဳးေရးအတြက္ ျပည္ေထာင္စုႏွင့္ ျပည္နယ္ဘတ္ဂ်က္ ယခင္ဘ႑ာႏွစ္ထက္ က်ပ္သန္းေပါင္း (၃၅၀၀)ေက်ာ္ ပိုမိုသံုးစြဲမည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္အတြင္း ၿမိဳ႕နယ္ႏွစ္ခု၏ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ ျပည္ေထာင္စုႏွင့္ ျပည္နယ္ရန္ပံုေငြမ်ားမွ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ ေငြက်ပ္(၁၅၃၈၇ ဒႆမ ၀၅၆) သန္းသံုးစြဲခဲ့ၿပီး ၂၀၁၉-၂၀၂ဝ ဘ႑ာႏွစ္တြင္ ေငြက်ပ္(၁၈၉၂၇ ဒႆမ ၃၂၁)သန္း သံုးစြဲမည္ျဖစ္သည္။

မိုင္းဆတ္ခ႐ိုင္အတြင္းရိွ မိုင္းဆတ္ၿမိဳ႕နယ္ႏွင့္ မိုင္းတုံၿမိဳ႕နယ္တို႔အတြင္း လမ္း၊ တံတား၊ မီးလင္းေရး၊ စိမ့္စမ္းေရသြယ္လုပ္ငန္းႏွင့္ အေျခခံအေဆာက္အအုံတည္ေဆာက္ျခင္းလုပ္ငန္းမ်ားအတြက္ ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္တြင္ ျပည္ေထာင္စုရန္ပုံေငြ က်ပ္(၅၈၈၉ ဒႆမ ၄၃၁)သန္းႏွင့္ ျပည္နယ္ရန္ပုံေငြက်ပ္(၉၄၉၇ ဒႆမ ၆၂၅) သန္း သံုးစြဲေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉-၂၀၂ဝ ဘ႑ာႏွစ္တြင္  ျပည္ေထာင္စုရန္ပုံေငြ က်ပ္(၇၈၄၇ ဒႆမ ၄၅၈)သန္းႏွင့္ ျပည္နယ္ရန္ပုံေငြက်ပ္(၁၁၀၇၉ ဒႆမ ၈၆၃)သန္း စုစုေပါင္းေငြက်ပ္(၁၈၉၂၇ ဒႆမ ၃၂၁)သန္း သံုးစြဲမည္ျဖစ္သည္။

ျပည္ေထာင္စုႏွင့္ ျပည္နယ္ရန္ပံုေငြမ်ားျဖင့္ ေဒသႏၲရစီမံကိန္းလုပ္ငန္းမ်ား ေဆာင္႐ြက္ၿပီးစီးမႈအေျခအေနႏွင့္ လာမည့္ဘ႑ာႏွစ္အတြက္ လုပ္ငန္းေဆာင္ရြက္မည့္ လုပ္ငန္းမ်ား ညိႇႏိႈင္းအစည္းအေဝးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ေန႔က ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ က်င္းပေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

အဆိုပါ လုပ္ငန္းညိႇႏိႈင္းအစည္းအေဝးတြင္ ခ႐ိုင္စီမံကိန္းေရးဆြဲအေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠဌ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေနမ်ိဳးေအာင္၊ အတြင္းေရးမႉး၊ ခ႐ိုင္စီမံကိန္းဦးစီးမႉး ေဒၚျမျမစိုးတို႔လည္း တက္ေရာက္ၾကၿပီး ၂၀၁၉-၂၀၂ဝဘ႑ာႏွစ္အတြင္း အေကာင္အထည္ေဖာ္မည့္ လုပ္ငန္းမ်ားကို ဌာနအလုိက္ ရွင္းလင္းၾကရာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ဦး၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဒါဝိဒ္၊ ဦးေစာမူးလာႏွင့္ ဦးဆန္းဝင္းေအာင္တို႔က ျပန္လည္အႀကံျပဳေဆြးေႏြးသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net