ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်းတို့ မယ်စဲ့နှင့် လွိုင်ကော်မှ ဝင်ရောက်ယှဉ်ပြိုင်မည်

ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်းတို့ မယ်စဲ့နှင့် လွိုင်ကော်မှ ဝင်ရောက်ယှဉ်ပြိုင်မည်
သြဂုတ် 7, 2020
By 🌸
ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်းတို့ မယ်စဲ့နှင့် လွိုင်ကော်မှ ဝင်ရောက်ယှဉ်ပြိုင်မည် 
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦးတို့သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မယ်စဲ့နှင့် လွိုင်ကော် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေများမှ  ရွေးကောက်ပွဲဝင်ကြမည်ဖြစ်သည်။
ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသည့် ဦးအယ်လ်ဖောင်းရှိုသည် ယခင်ယှဉ်ပြိုင်အနိုင်ရခဲ့သော မယ်စဲ့မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး(ခ) ဘူးရယ်သည် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KYSDP) ကိုယ်စားလှယ်အဖြစ် လွိုင်ကော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
လက်ရှိကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှာ ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားပြု၍ မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး အပ်ခြင်းခံခဲ့ရသည်။
ဦးခင်မောင်ဦး(ခ) ဘူးရယ် မှာ ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု ၍ ဘောလခဲမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ရွေးချယ်အနိုင်ရခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် USDP ပါတီမှ နှုတ်ထွက်ခဲ့သူဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး  ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများစာရင်းကို သြဂုတ်လ (၅)ရက်နေ့၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~