ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရေး လူမှုရေးအဖွဲ့များဦးဆောင်သည့်ကော်မတီက ဆက်လက်ဆောင်ရွက်မည်

ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရေး လူမှုရေးအဖွဲ့များဦးဆောင်သည့်ကော်မတီက ဆက်လက်ဆောင်ရွက်မည်
ဇူလိုငျ 23, 2018
By Tachileik News Agency



ပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ထားရှိရေးကို အရပ်ဖက်အဖွဲ့အစည်းအချို့က ဇူလိုင်လ (၃)ရက်နေ့တွင် ကန့်ကွက်ဆန္ဒထုတ်ဖေါ်ရာ၌ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိသဖြင့် အရေးယူခဲ့ရသော်လည်း သက်ညှာစွာ ကိုင်တွယ် ဖြေရှင်းခဲ့ကြောင်း ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဆန္ဒ ထုတ်ဖေါ်သူများအနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့မှု မရှိခြင်းကို ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းကြည်က ရှင်းလင်းပြောကြားခဲ့သည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအနေဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနျင့် ယဉ်ကျေးမှုကော်မတီများ၊ ကြေးသွန်းပညာရှင်များဖြင့် ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့က  အစည်းအဝေးပြုလုပ်ရာတွင် ကြေးအစစ်ဖြင့် သွန်းလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ Page၊ Facebook Acc များတွင် သာမက၊ ဒေသတွင်း မီဒီယာများကလည်း အဆိုပါ အစည်းအဝေးကို Live လွှင့်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို ဧပြီလ (၃၀) ရက်နေ့တွင် ကျင်းပရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးများနှင့် ရပ်/ ကျေးစာရေးများအား ချပြ၍ ဆန္ဒသဘောထားရယူခဲ့ရာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြကြောင်း၊ တတိယအကြိမ် အစည်းအဝေးအား ဇွန်လ(၂၀)ရက်နေ့က ကျင်းပစဉ်ကလည်း ကန့်ကွက်သူမရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ရှင်းလင်းသည်။



Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိရေးအား ကန့်ကွက်မှု ရှိနေသဖြင့် ပြည်နယ် အစိုးရက ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအား ဖျက်သိမ်းလိုက်ကာ လူမှုရေး အဖွဲ့အစည်းများ ဦးဆောင်ဖွဲ့စည်းမည့် ကော်မတီက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မြင်းစီးကြေးရုပ်ထားရှိရေး ဆောင်ရွက်နေမှုကို အရပ်ဖက်အဖွဲ့အစည်းအချို့က ကန့်ကွက်ခဲ့မှုနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ နံနက်(၁၀)နာရီက လွိုင်ကော်မြို့ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ထားရှိရေးကို အရပ်ဖက်အဖွဲ့အစည်းအချို့က ဇူလိုင်လ (၃)ရက်နေ့တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်ရာ၌ ငြိမ်းချမ်းစွာစေုဝးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိသဖြင့် အရေးယူခဲ့ရသော်လည်း သက်ညှာစွာ ကိုင်တွယ် ဖြေရှင်းခဲ့ကြောင်း ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဆန္ဒ ထုတ်ဖော်သူများအနဖြေင့် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခဲ့မှု မရှိခြင်းကို ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်က ရှင်းလင်းပြောကြားခဲ့သည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအနဖြေင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ကော်မတီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနျင့် ယဉ်ကျေးမှုကော်မတီများ၊ ကြေးသွန်းပညာရှင်များဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က အစည်းအဝေးပြုလုပ်ရာတွင် ကြေးအစစ်ဖြင့် သွန်းလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ Page၊ Facebook Acc များတွင် သာမက၊ ဒေသတွင်း မီဒီယာများကလည်း အဆိုပါ အစည်းအဝေးကို Live လွှင့်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အစည်းအေဝးကို ဧပြီလ (၃၀) ရက်နေ့တွင် ကျင်းပရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးများနှင့် ရပ်/ ကျေးစာရေးများအား ချပြ၍ ဆန္ဒသဘောထားရယူခဲ့ရာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြကြောင်း၊ တတိယအကြိမ် အစည်းအေဝးအား ဇွန်လ(၂၀)ရက်နေ့က ကျင်းပစဉ်ကလည်း ကန့်ကွက်သူမရှိခဲ့ကြောင်း ဝန်ကြီးချုပ်က ရှင်းလင်းသည်။

ယင်းနောက် ကန့်ကွက်သည့် အရပ်ဖက်အဖွဲ့များရှိလာသဖြင့် ဇူလိုင်လ(၂၀)ရက်နေ့တွင် ပြည်နယ် အစိုးရအဖွဲ့က ခေါ်ယူတွေ့ဆုံဆွေးနွေးရာ ကရင်နီပြည်လူငယ်များသမဂ္ဂနှင့် ကယားပြည်နယ် ကျောင်းသားများသမဂ္ဂအဖွဲ့တို့က ဆွေးနွေးပွဲမှ ထွက်ခွာသွားခဲ့ပြီး ကျန်ရှိသူများနှင့် ဆက်လက် ဆွေးနွေးရာ တက်ရောက်လာသည့် လူမှုရေးအဖွဲ့အစည်းများက မိမိတို့ ဦးဆောင်မှုဖြင့်သာ ကော်မတီ ဖွဲ့စည်းပြီး ကြိုးပမ်းဖော်ဆောင်လိုကြောင်း တင်ပြသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် ဗိုလ်ချုပ် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီအား ဖျက်သိမ်းပေးခဲ့ကာ အဆိုပါကော်မတီသစ်ကို ဝိုင်းဝန်း ကြိုးစားသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်လွှတ်တော် ဒုဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များလည်း တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~