ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ KNPP တို႔ လိြဳင္ေကာ္တြင္ နွစ္ရက္တာ ေဆြးေႏြးပြဲစတင္

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ KNPP တို႔ လိြဳင္ေကာ္တြင္ နွစ္ရက္တာ ေဆြးေႏြးပြဲစတင္
ဧပြီ 26, 2018
By Tachileik News Agency

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီတို႔၏ ႏွစ္ရက္တာ ေဆြးေႏြးပြဲကို ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕၊ ျပည္နယ္ခန္းမတြင္ ဧၿပီလ (၂၆)ရက္ေန႔က စတင္က်င္းပေနသည္။

အဆုိပါ အစည္းအေဝးတြင္ ေဒသတြင္း အပစ္ရပ္အေျခအေန ပူးတြဲေစာင့္ၾကည့္ေရး၊ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရး၊ EITI ႏွင့္ ႏုိင္ငံတကာလူမႈေရးကူညီေထာက္ပံ့မႈမ်ား၊ ျပည္နယ္တြင္း NGO၊ INGO မ်ားလုပ္ငန္းေဆာင္ရြက္မႈ၊ မူးယစ္ေဆး၊ သစ္ေတာျပဳန္းတီးမႈႏွင့္ လူကုန္ကူးမႈ၊ ျပည္နယ္ႏွင့္ ျပည္ေထာင္စုအဆင့္ ဆက္ဆံေရးတာဝန္ခံမ်ား ျပန္လည္ထားရိွေရးကိစၥ၊ ႏွစ္ဖက္တပ္ဖြဲ႕မ်ား သြားလာမႈ၊ ဆက္သြယ္မႈ ျပည္နယ္အဆင့္ ညိႇႏိႈင္းေရးကိစၥမ်ားႏွင့္ NCA တြင္ KNPP ပါဝင္ လက္မွတ္ေရးထုိးေရး ကိစၥမ်ားကို ေဆြးေႏြးသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

အစည္းအေဝးတြင္ ႏွစ္ဖက္တာဝန္ရိွသူမ်ားအျပင္ ျပည္နယ္တြင္း႐ွိ ေဒသခံႏိုင္ငံေရးပါတီ မ်ားမွ ကိုယ္စားလွယ္မ်ား၊ အရပ္ဖက္ လူမႈအသင္းဖြဲ႔မ်ားမွ ကိုယ္စားလွယ္မ်ား ၊ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ NCA လက္မွတ္ေရးထိုးၿပီးေသာ ညီေနာင္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔စည္းမ်ားမွ ကိုယ္စားလွယ္မ်ား အေနျဖင့္ ေလ့လာသူမ်ားအျဖစ္ တက္ေရာက္ေနၾကေၾကာင္းသိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း




~~~~~~~~⊰❂ unicode ~~~~~~~~

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၏ နှစ်ရက်တာ ဆွေးနွေးပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင် ဧပြီလ (၂၆)ရက်နေ့က စတင်ကျင်းပနေသည်။

အဆိုပါ အစည်းအဝေးတွင် ဒေသတွင်း အပစ်ရပ်အခြေအနေ ပူးတွဲစောင့်ကြည့်ရေး၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး၊ EITI နှင့် နိုင်ငံတကာလူမှုရေးကူညီထောက်ပံ့မှုများ၊ ပြည်နယ်တွင်း NGO၊ INGO များလုပ်ငန်းဆောင်ရွက်မှု၊ မူးယစ်ဆေး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှု၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့များ သွားလာမှု၊ ဆက်သွယ်မှု ပြည်နယ်အဆင့် ညှိနှိုင်းရေးကိစ္စများနှင့် NCA တွင် KNPP ပါဝင် လက်မှတ်ရေးထိုးရေး ကိစ္စများကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် နှစ်ဖက်တာဝန်ရှိသူများအပြင် ပြည်နယ်တွင်းရှိ ဒေသခံနိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအသင်းဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် NCA လက်မှတ်ရေးထိုးပြီးသော ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ အနဖြေင့် လေ့လာသူများအဖြစ် တက်ရောက်နကြေကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~