ကယားျပည္နယ္ ဖရူဆိုၿမိဳ႕နယ္အတြင္း ယာဥ္တိမ္းေမွာက္မႈျဖစ္ရာက တရားမ၀င္သစ္ ဖမ္းမိလ

ကယားျပည္နယ္ ဖရူဆိုၿမိဳ႕နယ္အတြင္း ယာဥ္တိမ္းေမွာက္မႈျဖစ္ရာက တရားမ၀င္သစ္ ဖမ္းမိလ
ဧပြီ 12, 2019
By Tachileik News Agency

ကယားျပည္နယ္ ၊ ဖ႐ူဆိုၿမိဳ႕နယ္၊ ထီးကလူေဒါေက်းရြာအနီးတြင္ ေဘာလခဲၿမိဳ႕ဖက္မွ တရားမဝင္သစ္မ်ားတင္ေဆာင္လာေသာ ကားတစ္စီး ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၂) ရက္ေန႔ ေန႔လယ္ပိုင္းက တိမ္းေမွာက္သြားေၾကာင္း သိရသည္။

ေဘာလခဲဖက္မွ လိြဳင္ေကာ္ဖက္သို႔  ေမာင္းႏွင္လာေသာ MAZ-DA အမ်ိဳးအစားကားတစ္စီးမွာ ဧၿပီလ (၁၂) ရက္ေန႔ ေန႔လယ္ (၁၁) နာရီ (၄၅)မိနစ္အခ်ိန္ခန္႔က ဖ႐ူဆိုၿမိဳ႕နယ္ ၊ ထီးကလူေဒါ ေက်းရြာအနီး လမ္းမႀကီးေဘးတြင္ တိမ္းေမွာက္သြားရာမွ ယာဥ္ေပၚတြင္ တရားမဝင္တင္ေဆာင္လာသည့္ ကြၽန္းသစ္ခြဲသားမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္မွာ ထီးကလူေဒါေက်းရြာအနီး မိုင္တိုင္အမွတ္ ၁၆၅/၃ ႏွင့္ ၁၆၅/၄ ၾကား ကုန္းဆင္းအ႐ွည္တြင္ အ႐ွိန္မထိန္းႏိုင္ဘဲ လမ္း၏ ယာဘက္ေရေျမာင္းအတြင္း ထိုးက်တိမ္းေမွာက္ခဲ့ျခင္းျဖစ္သည္ျဖစ္သည္။

အဆိုပါ ေမာ္ေတာ္ယာဥ္ကို ယာဥ္ေမာင္း ဦးေအာင္သန္း ေမာင္းႏွင္လာၿပီး ယာဥ္ေပၚတြင္ ဦးျမင့္ေမႊး၊ ေအာင္ေအာင္၊ (၁၀)တန္းေက်ာင္းသူ မေရႊစင္မိုးႏွင့္ (၇)တန္းေက်ာင္းသား ဖိုးလျပည့္တို႔လိုက္ပါလာရာ ဒဏ္ရာရသြားၾကသျဖင့္ ဖရူဆိုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

တရားမဝင္တင္လာသည့္ ကၽြန္းခြဲသားတန္ခ်ိန္ (၀.၂၈၆၂)အား ဖ႐ူဆိုၿမိဳ႕နယ္ရဲ တပ္ဖြဲ႔မွ ဖ႐ူဆိုၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနသို႔ လႊဲေျပာင္းေပးထားေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈအား ယာဥ္ေမာင္း ဦးေအာင္သန္းအား ဖ႐ူဆိုၿမိဳ႕မ ရဲစခန္းတြင္ ယာဥ္(ပ)၃/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ -၂၇၉/ ၃၃၇/၃၃၈ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - MJ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးကလူဒေါကျေးရွာအနီးတွင် ဘောလခဲမြို့ဖက်မှ တရားမဝင်သစ်များတင်ဆောင်လာသော ကားတစ်စီး ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့ နေ့လယ်ပိုင်းက တိမ်းမှောက်သွားကြောင်း သိရသည်။

ဘောလခဲဖက်မှ လွိုင်ကော်ဖက်သို့ မောင်းနှင်လာသော MAZ-DA အမျိုးအစားကားတစ်စီးမှာ ဧပြီလ (၁၂) ရက်နေ့ နေ့လယ် (၁၁) နာရီ (၄၅)မိနစ်အချိန်ခန့်က ဖရူဆိုမြို့နယ်၊ ထီးကလူဒေါ ကျေးရွာအနီး လမ်းမကြီးဘေးတွင် တိမ်းမှောက်သွားရာမှ ယာဉ်ပေါ်တွင် တရားမဝင်တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်မှာ ထီးကလူဒေါကျေးရွာအနီး မိုင်တိုင်အမှတ် ၁၆၅/၃ နှင့် ၁၆၅/၄ ကြား ကုန်းဆင်းအရှည်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်ကို ယာဉ်မောင်း ဦးအောင်သန်း မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် ဦးမြင့်မွှေး၊ အောင်အောင်၊ (၁၀)တန်းကျောင်းသူ မရွှေစင်မိုးနှင့် (၇)တန်းကျောင်းသား ဖိုးလပြည့်တို့လိုက်ပါလာရာ ဒဏ်ရာရသွားကြသဖြင့် ဖရူဆိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

တရားမဝင်တင်လာသည့် ကျွန်းခွဲသားတန်ချိန် (ဝ.၂၈၆၂)အား ဖရူဆိုမြို့နယ်ရဲ တပ်ဖွဲ့မှ ဖရူဆိုမြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုအား ယာဉ်မောင်း ဦးအောင်သန်းအား ဖရူဆိုမြို့မ ရဲစခန်းတွင် ယာဉ်(ပ)၃/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ -၂၇၉/ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း ဆန်းဖြိုးထွန်း
ဓာတ်ပုံ - MJ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net