ကျောက်မဲတွင် အခြားဒေသများသို့ သွားရောက်ခြင်းမရှိသည့် ခေါက်ဆွဲဆိုင်ရှင်တစ်ဦး၌ COVID 19 ပိုးတွေ့

ကျောက်မဲတွင် အခြားဒေသများသို့ သွားရောက်ခြင်းမရှိသည့် ခေါက်ဆွဲဆိုင်ရှင်တစ်ဦး၌ COVID 19 ပိုးတွေ့
ဒီဇင်ဘာ 19, 2020
By Tachileik News Agency
ကျောက်မဲတွင် အခြားဒေသများသို့ သွားရောက်ခြင်းမရှိသည့် ခေါက်ဆွဲဆိုင်ရှင်တစ်ဦး၌ COVID 19 ပိုးတွေ့
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် အခြားဒေသသို့ ခရီးသွားလာခြင်းမရှိသည့် ဈေးသည် အမျိုးသမီး (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ ဓာတ်ခွဲအဖြေအရ သိရသည်။
အဆိုပါ အသက် (၄၃)နှစ်အရွယ် အမျိုးသမီးသည် ကျောက်မဲမြို့၊ အမှတ် ( ၁ ) ရပ်ကွက်မှ ပါဆယ်စနစ်ဖြင့် ခေါက်ဆွဲရောင်းချသူတစ်ဦးဖြစ်ပြီး ဒီဇင်ဘာလ (၁၈)ရက်နေ့၌ အနံ့ပျောက်လာသဖြင့် ကျန်းမာရေးဌာနက RDT ဖြင့် စစ်ဆေးပေးရာ Negative အဖြေထွက်လာ၍ အသွားအလာကန့်သတ်ထားကာ မူဆယ်ဆေးရုံသို့ swab ပို့ စစ်ဆေးထားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများအား အသွားအလာကန့်သတ်ခြင်းကို တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းလုပ်ဆောင်နေကြဆဲဖြစ်သည်။
ကျောက်မဲမြို့နယ်အတွင်း ဒီဇင်ဘာလ (၁၉)ရက်နေ့အထိ COVID 19 အတည်ပြုလူနာ (၁၆) ဦးရှိပြီဖြစ်ပြီး (၁၃) ဦးမှာ ဆေးရုံဆင်းခွင့်ရထားပြီဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~