တောင်ကြီး၊ ပင်းတယ၊ ရွာငံ ၊ နမ့်စန် နှင့် ကလောမြို့တို့တွင် တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၄၁)ဦးထပ်တိုး

တောင်ကြီး၊ ပင်းတယ၊ ရွာငံ ၊ နမ့်စန် နှင့် ကလောမြို့တို့တွင် တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၄၁)ဦးထပ်တိုး
ဇွန် 30, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ (၄၁) ဦး ထပ်တိုးလာသည့်အနက် တောင်ကြီးမြို့နယ်က (၂၄) ဦးဖြင့် အများဆုံးတွေ့ထားရကြောင်း သိရသည်။

တောင်ကြီးမြို့နယ်အတွင်း (၂၄) ဦး၊ ကလောမြို့နယ်အတွင်း (၈) ဦး၊ ပင်းတယမြို့နယ်အတွင်း (၅) ဦး၊ နမ့်စန်မြို့နယ်အတွင်း (၂)ဦးနှင့် ရွာငံမြို့နယ်တွင် (၂) ဦးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ကလော၊ ပင်းတယ၊ ညောင်ရွှေ၊ နမ့်စန်၊ ရွာငံနှင့် လွိုင်လင်မြို့နယ်များမှ COVID 19 သံသယရှိသူ (၂၂၀) ဦးကို စစ်ဆေးမှုအတွင်း အတည်ပြုလူနာ (၄၁) ဦးကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။