တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
သြဂုတ် 6, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်က လူမနေသည့် အဆောက်အဦအတွင်းထဲမှ မူးယစ်ဆေးဝါးများနှင့်လက်နက်ခဲယမ်း အပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို  ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဟဲကျေးရွာအုပ်စုအတွင်း ပန်ကူ(အာခါ)ကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့် အဆောက်အဦ တစ်လုံးအတွင်း တပ်မတော်နယ်မြေလုံခြုံရေးအဖွဲ့မှ ၂၀၂၀ခုနှစ် ဩဂုတ်လ(၅)ရက်နေ့ နေ့လည်ပိုင်းက ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ရာက မိုးကာဖြင့် ဖုံးအုပ်ထားသည့် 9MM ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ ၎င်းကျည်(၇)တောင့် အပြင် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၇၇၃,၀၀၀)ပြား နှင့် စိတ်ကြွဆေးမှုန့် (၃၄၀)ကီလို၊ ကဖင်းအဖြူရောင်အမှုန့် (၆၀၀)ကီလို အပါဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုပါ တွေ့ရှိ သိမ်းဆည်းမိခြင်း ဖြစ်ကြောင်း သိရသည်။

 ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် ပစ္စည်းများကို တပ်မတော် နယ်မြေလုံခြုံရေးအဖွဲ့က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးထားကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - Dsinfo


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~